ယခုတစ်ပတ်မှာလည်း ကုလားပဲရောင်းဝယ်မှုရော တင်ပို့မှုပါ ဆက်လက်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၆ ရက်) အတွင်းမှာလည်း တန်ချိန် ၁၅၀၀ ကိုသာ ထပ်မံလျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၁၅ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၅ သန်းခန့်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၈ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် ကုလားပဲတန်ချိန် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်တွင်း လက်ကျန်နည်းပါးလာပြီဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း အရောင်းအဝယ်လျော့နိုင်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲမှုမရှိဘဲ ဇွန် ၂၂ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
Background