ကလောမြို့နယ်၊ ပင်းတယမြို့နယ်တွေက ချင်း(ဥမ)တွေဖော်နေတာကြောင့် ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ မိုးကလည်း အတော်ရွာလာပြီဖြစ်တာကြောင့် အရင် တစ်ပတ်ကလောက်တော့အဝင်မများပါဘူး။ ချင်း(ဥမ)က မြေကြီးထဲမှာ အကြာကြီး အထားမခံပါဘူး။ ၄-၅ လလောက်ကြာရင်တော့ ပုပ်ပြီးခြောက်သွားတာကြောင့် မဖော် မဖြစ်ဖော်ကြရပါတယ်။ ဥမကလည်း မိုးရွာမှသာ ဖော်လို့ရတဲ့သီးနှံဖြစ်ပါ တယ်။ ချင်းတက်တွေကတော့ အစောဆုံး သီတင်းကျွတ်လောက်မှသာ ဈေးကွက်ကို စပြီးဝင်လာမှာဖြစ်ပါတယ်။ အခုဖော်နေတဲ့ ချင်း(ဥမ)တွေကို ပွဲစားတွေက ပွဲခယူပြီး ရောင်းနေတာကြောင့် တစ်ပိဿာကို ၁၄၀ ကျပ် - ၁၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းတက်ဈေးကတော့ မြေနီအလှတစ်ပိဿာကို ၂၀၀ ကျပ် - ၂၃၀ ကျပ်ဈေးရှိပြီး၊ မြေဖြူချင်းတွေကတော့ တစ်ပိဿာ ၁၇၀ ကျပ် - ၁၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၆၀၀ ကျပ် - ၇၀၀ ကျပ်ဈေးသာရှိပြီး၊ လောလောဆယ်တော့ အရောင်း အဝယ်အေးနေပါတယ်။ (ချင်းစို)ကတော့ ချင်းထိုးသမားတွေ ဝယ်ယူနေတာကြောင့် ပုံမှန်အဝင်ရှိသလို ပုံမှန် အရောင်းရှိတယ် လို့ အောင်ပန်းချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
Background