Main menu

Background

ရှမ်းနနွင်း အရောင်းအဝယ်အေးဆဲ

Fri, 06/29/2012 - 09:59 -- Anonymous (not verified)

    ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ အရောင်းက မသွက် တော့ အဝင်ကလည်း နည်းနည်းသာရှိပါတယ်။ အချို့တွေကလည်း ဈေးမကြိုက်လို့ မရောင်းကြပါဘူး။ ဒီတစ်ပတ်နနွင်းဈေးက ပင်လောင်းနနွင်းတစ်ပိဿာ ၄၀၀ ကျပ် - ၄၅၀ ကျပ်၊ ပင်းတယ၊ တောင်ပို့လ နနွင်းက ၆၀၀ ကျပ် - ၇၀၀ ကျပ်နဲ့ ဆင် တောင်နနွင်းက ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ဇွန် ၁ ရက်မှ ၁၉ ရက်အတွင်း ရန်ကုန်နေပြည်တော်၊ မော်လမြိုင်၊ မုံရွာ၊ ပြည်စတဲ့ မြို့များသို့ ပိဿာချိန် ၇၄၈၀၀ စီးဆင်းတယ်လို့ သိရပါတယ်။                                 ဧဧခိုင်