Main menu

Background

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်

Sun, 07/01/2012 - 05:31 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်း ၂ ပတ်ခန့်ကပြည်ပအဝယ်လျော့ ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်း လာတဲ့အတွက် တင်ပို့မှု ပြန်တက် လာခြင်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်  ဇွန် ၂၂ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီး စီးမှုမှာ တန်ချိန် ၁၇၃၀၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၉၃ သန်းကျော် ဝင်ငွေရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၁၇၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅၅ သန်းနီးပါး ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့တဲ့ ပမာဏပိုမိုပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်းပေါင်း ၆၀ ကျော်လျော့နည်း တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ် ရှိပါတယ်။                                                                                MIRT - MAPT