Main menu

Background

ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေး ဆက်လက်တိုး

Sun, 07/01/2012 - 05:36 -- Anonymous (not verified)

    အိန္ဒိယပဲစိုက်တဲ့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်အောက်လျော့ကျခြင်းနဲ့ ဝယ်လိုအားကောင်းခြင်းတွေကြောင့် ယခုတစ်ပတ်မှာလည်း အိန္ဒိယမတ်ပဲဈေး ဆက် လက်တိုးလာပါတယ်။ ပြည်တွင်းပဲလက်ကျန်လျော့ကျလာခြင်းနဲ့ အတူ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက်လည်း တင်သွင်းပဲဈေးများ တိုးလာတာ ဖြစ်ပါ တယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာမိုးနည်းပါးလို့ စိုက်ပျိုးမှုနှေးကွေးလျက်ရှိရာ အင်ဒရာ ပရာဒေ့ရှ်မှာ မတ်ပဲစိုက်ပျိုးမှုက ယခင်နှစ် ကာလတူထက် ၄၅ ဒသမ ၄၅ ရာခိုင် နှုန်း ကျဆင်းပြီး တန်ချိန် ၁၁၀၀ သာရှိပြီး ဂူဂျာရက်မှာ ဟက်တာ ၁၀၀ သာ စိုက်ပျိုးထားပြီးကြောင်း သိရပါတယ်။ ဈေးကွက်ေ တွမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/တန်                                 ၂၈-၆-၁၂    ၂၇-၆-၁၂    ၂၆-၆-၁၂    ၂၅-၆-၁၂မွန်ဘိုင်း(မြန်မာမတ်ပဲ)         ၆၀၂          ၅၉၉           ၆၀၁          ၆၁၀ဒေလီ                              ၆၃၃          ၆၂၉           ၅၉၆          ၆၀၀ချန်နိုင်း                            ၅၉၇         ၅၉၉            ၆၀၁          ၆၀၁MIRT(MAPT)