Main menu

Background

နယ်စပ်မှ ပရဆေးအပို့ ပို

Mon, 07/02/2012 - 06:44 -- Anonymous (not verified)

    ပရဆေးကုန်ကြမ်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အပို့ ရှိသလိုအသွင်းလည်းရှိရာ ယခုအပတ်မှာ မူဆယ်နဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ အပို့ရှိခဲ့ပြီး တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အသွင်းရှိခဲ့ပါတယ်။ ယခု အပတ်မှာ မူဆယ်မှကန်ဒေါ်လာ ၂ ဒသမ ၀၁၄ သန်းတန်ဖိုး ရှိ ပရဆေး ၁၅၁၄ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ စမုံနက် ၁၂ တန် မြဝတီမှ အပို့ရှိခဲ့ပါတယ်။ တမူးမှကန်ဒေါ်လာသုညဒသမ ၀၀၃သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၂ တန်ခွဲနဲ့ ရှိန်းခို ၁ ဒသမ ၂၅၀ တန်အသွင်းရှိခဲ့ပါ တယ်။မူဆယ်နယ်စပ်မှယခုအပတ်တင်ပို့တဲ့ ပရဆေး ကုန် ကြမ်းတွေကတော့ ဆီးဆံ၊ တောင်လုံးကျော်၊ အုံတုံခေါက်၊ ဆေးမြင်းခွာ၊ ဒရင်ကောက်မြစ်၊ ကြောင်လျာစေ့၊ ကွမ်းသီးခွံ၊ ဂုံညင်းလုံး၊ ဝဥခြောက်၊ စကားပန်း ပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ နနွင်းတက်၊ နှမ်းနက်၊ ကြက်ဆူစေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင် ဖာလာ (အခွံပါ/အခွံမပါ)၊ နေလဲစေ့နဲ့ မိကျောင်း ကွမ်းဖတ် စေတို့ ဖြစ်ပါတယ်။ ဆေးမြင်းခွာ၊ ကြောင်လျှာစေ့၊ ဂုံညှင်းလုံး နဲ့ ချဉ်ပေါင်ဖာလာတို့ကို ယခင်အပတ်က အပို့မရှိခဲ့ပါဘူး။ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ နှမ်းနက်နဲ့ ကြက်ဆူစေ့တို့အား ယခင်အပတ် ထက်အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကထက် ဆီးဆံ၊ တောင်လုံးကျော်၊ အုံတုံခေါက်၊ ကွမ်းသီးခွံ၊ ဝဥခြောက်၊ စကားပန်းပွင့်ခြောက်၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာအခွံပါ၊ နေလဲစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ တင်ပို့နိုင်မှု တော့လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)