Main menu

Background

ဝယ်အားကောင်းနေတဲ့ ရှမ်းပြောင်းဈေးကွက်

Mon, 07/02/2012 - 07:05 -- Anonymous (not verified)

    စက်တင်ဘာ၊ အောက်တိုဘာလကစပြီးဈေးကွက်ကို အသစ်ဝင်လာတဲ့ ရှမ်း ပြောင်းက ရာသီအစမှာ တစ်ပိဿာ ၂၁၀ ကျပ် - ၂၁၅ ကျပ်နဲ့သာ ဈေးစခဲ့ပါတယ်။ လက်ကျန်ပြောင်းဟောင်းတွေကသာ ဈေးကွက်ဝင်ပြီး၊ ပြောင်းအသစ်တွေကတော့ အစိုဓါတ်ကြောင့် ဈေးကွက်သိပ်မဝင်သေးလို့ ပြောင်းဟောင်းကတော့ တစ်ပိဿာ ၃၀၀ကျပ် - ၃၁၅ ကျပ်ဈေးသာရှိ ပါတယ်။ ပြောင်းအသစ်ကအရောင်းအဝယ် သိပ် မဖြစ်ပေမယ့် အဟောင်းတွေရှိနေ တာကြောင့် ဈေးကွက်မှာလည်း ပစ္စည်းမပြတ် သွားခဲ့ပါဘူး။ ပြောင်းဟောင်းကုန်ပြီး၊ အသစ်တွေခြောက်စပြုတဲ့အချိန် ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ လှောင်လက်တွေ၊ အစာစပ်တွေ ကစပြီး ဝယ်ယူကြပါတယ်။ ဒီနှစ် ပြောင်းဈေးက အစပိုင်းမှာ ပြည်ပဝယ်လိုအား သိပ်မရှိ၊ ပြည်တွင်းသုံးအစာစပ် စက်ရုံတွေကသာ ဝယ်ယူတာကြောင့် ဈေးကလည်း ၄ လပိုင်းအထိ ၂၅၀ ကျပ်မှ ၃၀၅ ကျပ်ဈေးနဲ့သာပတ်ချာလည်နေပါတယ်။ ၅ လပိုင်းမှာတော့ ဈေးနည်းနည်းလှုပ် လာပါတယ်။မူဆယ်ဝယ်လက်တွေဝယ်ယူလာတာကြောင့် ၃၁၀ ကျပ်မှ ၃၂၀ ကျပ် ဈေးထိရှိလာ ပါတယ်။ ၆ လပိုင်းမှာ ဈေးထပ်တက်လာပြီး၊ လဆန်းပိုင်းမှာ ၃၄၀ ကျပ်၊ လလယ်မှာ ၃၇၀ ကျပ် - ၃၉၀ ကျပ်ဈေးရှိလာပြီး၊ ဒီတစ်ပတ် ပေါက်ဈေးက ၄၀၅ ကျပ်ဈေးရှိပါတယ်။ ဝယ်လိုအားကောင်းနေတာကြောင့် လက်ကျန် တော် တော်နည်းနေပြီလို့ ဆိုပါတယ်။ပြောင်းအသစ်ပေါ်ဖို့ကလည်း၂ လ -၃ လလောက် လိုနေတာကြောင့် ဒီလိုဝယ်အားကောင်းနေရင် တော့ လက်ကျန်ပြတ်သွား နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ ရေသွင်းပြောင်း တွေလည်း ဈေးကွက်ကို အနည်းငယ်တော့ ဝင်လာနိုင်သေးတယ်လို့ သိရပါတယ်။ဧဧခိုင်