Main menu

Background

လာမဲ့ရာသီမှာ အိန္ဒိယရဲ့ ပြောင်းဈေး ကန်ဒေါ်လာ ၁၉၀ ကျော်ရှိနိုင်

Mon, 07/02/2012 - 07:07 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံ တမီနာဒူးလ်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပို့ကုန်လုပ်ငန်းနဲ့ ပြည်တွင်း ဈေးကွက်သတင်းစုံစမ်းရေးအဖွဲ့ DEMIC ရဲ့ လေ့လာဆန်းစစ်ချက်အရ ယခုနှစ် လာမဲ့ပြောင်းရာသီဖြစ်တဲ့အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပြောင်းတင်ပို့မှုနဲ့ ဝယ် လိုအားမြင့်တက်လာတဲ့အတွက် ပြောင်းဈေးနှုန်းမှာ တစ်တန်ကို ရူပီး ၁၁၀၀၀ မှ ၁၁၅၀၀ (ဒေါ်လာ ၁၉၃ မှ ၂၀၂)ထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ယခုလက်ရှိဒေသတွင်း ပြောင်းပေါက်ဈေးမှာ တစ်တန်ကို ရူပီး ၁၂၀၀၀-၁၃၀၀၀ (ဒေါ်လာ ၂၁၁မှ ၂၂၈)ကြားမှာရှိပါတယ်။ ကမ္ဘာ့ပြောင်းဈေးကွက်မှာတော့ အထူး သဖြင့် တရုတ်နိုင်ငံရဲ့ တိရစ္ဆာန် အစာစပ်စက်ရုံတွေ့ရဲ့ ဝယ်လိုအား မြင့်တက်မှု ကြောင့် ပြည်တွင်းဝယ်လိုအားလည်း လိုက်တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြောင်းထွက်ရှိမှုဟာ တန်ချိန်သန်းပေါင်း ၂၀ မှ ၂၂ ထိရှိပြီး နှစ်စဉ်ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂ သန်းမှ ၃ သန်းအထိရှိပါတယ်။ အများဆုံးတင်ပို့ နေတဲ့နိုင်ငံတွေကတော့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ဂျပန်တို့ဖြစ်ပါတယ်။ ပြောင်းကို စားသောက်ကုန်၊ တိရစ္ဆာန်အစားအစာနဲ့ စက်မှုကုန်ကြမ်း ထုတ်ပစ္စည်း အီသနောထုတ်လုပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။Source: commodity onlineအေးအေးမြ