Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှု ကောင်းနေ

Sun, 07/08/2012 - 04:52 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်လည်း မတ်ပဲရောင်းဝယ်မှု အားကောင်းေ နကြောင်း သိရပါတယ်။ ဇွန် ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၂၅၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ သီးနှံရာသီမှာ မိုးမိပဲတွေ ပါဝင်လို့ မတ်ပဲ SQ အဝယ်နှေးခဲ့ပေမဲ့ ၂၀၁၂ ရာသီမှာ မိုးမိခြင်းမရှိလို့ မတ်ပဲျှကို ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ မတ်ပဲ SQ နဲ့ FAQ ကွာဟမှု တစ်တန် ကျပ် ၆ သောင်းဝန်းကျင်ရှိပေမဲ့ လတ် တလောမှာ SQ ကို အဝယ်သွက်နေတယ်လို့ သိရပါတယ်။    ပြည်ပဝယ်လိုအားတက်နေခြင်းအပြင် ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး မာနေခြင်းတို့ကြောင့် ရန်ကုန် FOB ဈေးမှာ ယခုတစ်ပတ်သိသိသာသာ တက် ခဲ့ပါတယ်။    ဒေါ်လာ/တန်                        မတ်ပဲအသစ်               မတ်ပဲအဟောင်း                    FAQ              SQ            FAQ          SQ၆-၇-၁၂       ၅၇၀-၅၉၀   ၆၂၀-၆၄၀      ၅၄၀-၅၆၀  ၅၆၀-၅၈၀၂၉-၆-၁၂    ၅၂၀-၅၄၀    ၅၇၀-၅၉၀    ၄၉၀-၅၁၀    ၅၁၀-၅၃၀MIRT(MAPT)