Main menu

Background

ဝယ်လိုအားနည်းလာလို့ ယခုတစ်ပတ် ပဲစင်းငုံဈေး ပြန်ဆင်း

Sun, 07/08/2012 - 05:15 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ဝယ် ယူမှု လျော့ကျတဲ့အတွက် ပဲစင်းငုံဈေး အနည်းငယ်ပြန်လည်လျော့ကျလာခဲ့ပါတယ်။ အချို့ပြည်နယ်တွေမှာ မိုးရွာသွန်းမှု အနည်းငယ်ရှိတဲ့အပြင် ရူပီး တန်ဖိုးပြန်ခိုင်မာ လာတာကြောင့် ပဲစင်းငုံဈေး ပြန်ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်း ပဲဝင်ရောက်မှုလျော့လာပြီး ဝယ်လိုအားတက်လာတဲ့အတွက် ပဲစင်းငုံ ဈေးမြင့်တက်ခဲ့တာဖြစ်ပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို ဇွန် ၂၉ ရက်မှာ မြန်မာပဲစင်း ငုံ ကွန်တိန်နာ ၈၀ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                ၅-၇-၁၂    ၄-၇-၁၂    ၃-၇-၁၂    ၂-၇-၁၂မွန်ဘိုင်း         ၇၂၇       ၇၂၀         ၇၃၀        ၇၃၄ဒေလီ            ၇၂၇       ၇၃၃         ၇၃၀        ၇၁၆ချန်နိုင်း           ၇၂၀       ၇၂၆           -           -MIRT(MAPT)