Main menu

Background

အောင်ပန်းနနွင်းဈေးကွက်မှာ ဆင်တောင်နနွင်းကို အဝယ်သွက်

Sun, 07/08/2012 - 05:50 -- Anonymous (not verified)

    ဒီတစ်ပတ်ရှမ်းနနွင်းကို မန္တလေးဝယ်လက်တွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးဝယ်လက်တွေကအောင်ပန်းဈေးကွက်မှာ ဆင် တောင်နနွင်းကိုအဓိကဝယ်ယူနေပေမယ့် ပင်လောင်းစတွေကို လည်းဈေး နည်းတာကြောင့် ဝယ်ယူမှုရှိနေတယ်လို့လည်း သိရပါတယ်။ ရိုးရိုးနနွင်းတွေကိုတော့ ဈေးပတ် သမားတွေက ဝယ်ယူနေတယ် လို့လည်း ဆိုပါတယ်။ အောင်ပန်းဈေးကွက် မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅၀ ကျပ် - ၃၆၀ ကျပ်ဈေးရှိပြီး၊ ရိုးရိုးနနွင်းက ၆၀၀ ကျပ်ပတ်ချာလည်လောက် သာရှိပါတယ်။ ဆင်တောင်နနွင်းကတော့ အရင်ပတ်တွေ ကထက် ဈေးနည်းနည်းတက်လာပြီး၊ တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။    ဟိုပုံး နနွင်းလည်း မန္တလေးဝယ်လက်တွေကြောင့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဒါပေမယ့် အဝင်ကတော့ နည်းသွားပြီးလို့လည်း သိရပါတယ်။ လက်ကျန် အနည်း အကျဉ်းလောက်သာ ကျန်ရှိပြီး၊ တစ်ပတ်အတွင်း ပိဿာချိန် ၃ သောင်း၊ ၄ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပိဿာ ပေါက်ဈေးက ၇၀၀ ကျပ်ဈေး ရှိပါတယ်။                                      ဧဧခိုင်