Main menu

Background

အိန္ဒိယအစိုးရက ကြက်သွန်နီအနိမ့်ဆုံးတင်ပို့ဈေးနှုန်းမရှိဘဲ ပြည်ပကို တင်ပို့ခွင့်ပြုထားလို့ ဈေးနှုန်း ၂၅ ရာခိုင်နှုန်းမြင့်တက်

Sun, 07/08/2012 - 05:52 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှု ကျဆင်းခြင်းကြောင့် ကြက်သွန်အထွက်ကျဆင်းမယ့် ခန့်မှန်းချက်များ နဲ့ အစိုးရက ဇွန် ၂၉ ရက်မှာ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP)မထားဘဲ ပြည်ပကို ကြက်သွန်နီ တင်ပို့ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဇူလိုင် ၃ ရက်လက်ငင်းဈေးကွက်မှာ ကြက်သွန်နီဈေး ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် ဟင်းသီး ဟင်းရွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ ကြက်သွန် နမူနာဈေးနှုန်းက ယခင်ရက်မှာ တစ်တန် ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၇)တက်ပြီး၊ တစ်တန် ရူပီး ၇၅၀၀ (ကန်ဒေါ်လာ ၁၃၈)နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။    လက်ငင်းဈေးကွက်ကို ဝင်ရောက်မှုမှာလည်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်က တန်ချိန် ၁၀၄၆ ရှိခဲ့ ရာမှ ဇူလိုင် ၂ ရက်မှာစုစုပေါင်းတန် ၁၁၂၀ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရမှ ပြည်ပတင်ပို့ မှုမြှင့်တင်ဖို့ အတားအဆီး ဖြစ်နေတဲ့ MEP  ကို ဖယ်ရှားခဲ့ကြောင်း ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်က ဇူလိုင်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပုံမှန်ယှဉ်ပြိုင်ဖက်ဖြစ်တဲ့ပါကစ္စတန်မှာ ယခင်နှစ် အထွက်လျော့ကျခဲ့လို့ လတ်တလောမှာကြက်သွန်နီ ရရှိခြင်းမရှိဘူးလို့ ဆိုပါ တယ်။     အိန္ဒိယအစိုးရက ဈေးနှုန်းဖောင်းပွမှုကိုဖြစ်စေတဲ့ MEP  ကို အဆက်မပြတ် ပြောင်းလဲမှုတွေကြောင့် အိန္ဒိယရဲ့ အခွင့် အလမ်းနည်းခဲ့ပါတယ်။ MEP  ကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ပြည်ပဝယ်လိုအားကို အထောက်အကူဖြစ်စေခဲ့ရာ ကုန်သွယ်မှု ပိုမို ကောင်းမွန်လာခဲ့တယ်လို့ Voshi   ရှိ လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီ ဒါရိုက်တာ Ashok  Vaunj  မှပြောကြားပါ တယ်။ မုတ်သုံမိုးရေ မလုံလောက်တဲ့အတွက် ဈေးနှုန်းထပ်မံမြင့်တက်မယ်လို့ ကုန်သည်များက ကြိုတင်ခန့်မှန်းနေကြပါတယ်။     အိန္ဒိယမိုးလေဝသဌာနမှ ပြောကြားချက်အရ ဇွန်လအတွင်း မိုးရွာသွန်းမှုက ၃၁ ရာခိုင်နှုန်းလျော့ကျခဲ့ရာ ကာနာတာကာမှာ အစောပိုင်းစိုက်သီးနှံစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယစားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမက်စ်မှ အစောပိုင်းခန့်မှန်းရာမှာ ယခင်နှစ်ကြက်သွန်နီတန်ချိန် ၁၃ သန်းထွက်ရှိရာမှ ၂၀၁၁-၁၂ သီးနှံရာသီ(ဇူလိုင် - ဇွန်)အတွင်း ကြက်သွန်နီ စုစုပေါင်း တန်ချိန် ၁၅ ဒသမ ၇ သန်းထွက်ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရမူဝါဒအပြောင်းအလဲများခြင်း က ပြည်တွင်းပြည်ပဝယ်လိုအားကို ကန့်သတ်ခဲ့ပါတယ်။ ပြည်ပတင်ပို့ ဈေးမြင့်တက် တာကြောင့် နိုင်ငံတကာဈေးကွက်မှာ တရုတ်နဲ့ အီဂျစ်ကို ယှဉ်ပြိုင်မှု ဆုံးရှုံးခဲ့ရပါတယ်။    ဇန်နဝါရီမှာ ဘင်ကလိုကြက်သွန်နီနဲ့ ခရီရှနာပူရမ်ကြက်သွန်နီမှလွဲပြီး ကျန်တဲ့ကြက်သွန်အမျိုးအစား အားလုံးအပေါ် MEP  ဈေးကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ကို လျှော့ချခဲ့ပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ကြက်သွန်နီ ထုတ်လုပ်မှု ဒုတိယ အများဆုံးဖြစ်ပြီး၊ မဟာရပ်ရှတရာနဲ့ ဂူဂျာရတ်တို့က အဓိက ထုတ်လုပ်ရာ ပြည်နယ်များဘဲ ဖြစ်ပါတယ်။ ၂၀၁၀ နှောင်းပိုင်းနဲ့ ၂၀၁၁ အစပိုင်းမှာ ရောင်းချမှုအလွန်နည်းခဲ့တာကြောင့် လက်လီဈေးနှုန်းများဟာ တစ်ကီလို ရူပီး ၈၀-၈၅ (ကန်ဒေါ်လာ ၁ ဒသမ ၄၇ - ၁ ဒသမ ၅၆)ထိမြင့်တက်ခဲ့ပါတယ်။ ၂၀၁၁-၁၂ တစ်နှစ်လုံး မှာတော့ ဝယ်လိုအားဟာ ပုံမှန်တည်ငြိမ်နေခဲ့ပါတယ်။    ခန့်မှန်းဖို့ခက်ခဲတဲ့သဘာဝတရားကသီးနှံကို ဆိုးဆိုးဝါးဝါးပျက်စီးစေပါတယ်။ယခုနှစ်မှာလည်း မိုးအလုံ အလောက် မရ ရှိခြင်းက ဒီနှစ်ထွက်ရှိမှုကို ထိခိုက်ဖွယ်ရှိပါတယ်။ အိန္ဒိယကြက်သွန်များကို သီရိလင်္ကာ၊ အနောက်အာရှ နဲ့ မလေးရှားအပြင် ဥရောပနိုင်ငံအချို့ကိုလည်း ပမာဏအနည်းငယ် တင်ပို့ကြောင်း သိရပါတယ်။    ယမင်းခင်၊Source: business times