ပြည်တွင်းဈေးကွက်မှာ မတ်ပဲရောင်းဝယ်မှုသွက်နေ ဈေးကွက်အတွင်းသ အိန္ဒိယနိုင်ငံမှာ မိုးနည်းခြင်းနဲ့ ရူပီးတန်ဖိုး ကျဆင်းခြင်းတွေကြောင့် ပဲမျိုး ဖစုံဈေးက ဇွန်လဝက်ကတည်းက လက်ရှိ အချိန်ထိ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ မုတ်သုံမိုး က နိုင်ငံရဲ့ ဒေသတော်တော်များများမှာ ရွာသွန်းမှု မရှိတဲ့ အတွက် ဈေးနှုန်းထပ်တက်ဖွယ်ရှိနေပါတယ်။ ရူပီးတန်ဖိုးက ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒီနှစ်မှာ ကုလားပဲလို ပဲများ တင်သွင်းဖို့ လိုအပ်နေပြီ။ကုလားပဲဈေးတွေမြင့်တက်နေတယ် လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ Mr Pravin Dongre မှ ပြောကြားပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကုလားပဲဈေး သိသိသာသာမြင့်တက်ခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ် လယ်ယာ ထွက်ကုန် ဈေးကွက်ရှာဖွေရေးကော်မတီ (APMC)ဝင်းမှာ ယခင်သီတင်းပတ်အတွင်းကုလားပဲဈေးတစ်တန် ရူပီး ၄၄၈၈၀ (ကန်ဒေါ်လာ ၈၀၈)ထိ မမြင့်တက်မီ ဇွန်လလယ်တိုင်အောင် တစ်တန် ရူပီး ၃၉၅၀၀(ကန်ဒေါ်လာ ၇၁၁)ဝန်းကျင်သာ ရှိခဲ့ ပါတယ်။ ယခုတစ်ပတ်မှာတော့ တစ်တန် ရူပီး ၄၆၀၀၀ (ကန်ဒေါ်လာ ၈၂၈)အထက်မှာ ရှိနေပါတယ်။ ကုလားပဲပြတ်လပ်မှုကတော့ အမြဲတမ်းပါပဲ။ ယခုနှစ် ကုလားပဲ အထွက်နှုန်းရော စိုက်ဧရိယာပါ လျော့ကျ ခဲ့ပါ တယ်။ နိုဝင်ဘာလတိုင်အောင် ပဲပြတ်လပ်နိုင်တယ်လို့ Mr. Dongre မှ ပြောကြားပါတယ်။ ကုလားပဲက မတ်လမှ ဧပြီလ အတွင်း ထွက်ရှိတဲ့ ဆောင်းသီးနှံဖြစ်ပါတယ်။ ပဲတင်သွင်းရမှာ ဖြစ်ပေမယ့် အချိန်ယူရမယ်လို့ ဆိုပါတယ်။ ပဲတင်သွင်းသူများကဒေါ်လာနဲ့ပေးချေရတာဖြစ်လို့ ဈေး နှုန်းအတက်အကျက ဆုံးရှုံးမှုတွေဖြစ်စေပါတယ်။ စက်တင် ဘာ သင်္ဘောတင် ကနေဒါပဲဈေးက FOB တစ်တန် ကန်ဒေါ် လာ ၆၁၅ ရှိပါတယ်။ သယ်ယူပို့ဆောင်ခနဲ့ အခြားကုန်ကျ စရိတ်တွေပေါင်းရင် ကုန်းပေါ်အရောက်ဈေးက တစ်ကီလို ရူပီး ၄၅ (ကန်ဒေါ်လာ သုည ဒသမ ၈၁)ရှိ တယ်လို့ ကုန် သည်များက ဆိုပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ စက်တင်ဘာ ပို့ရမယ့် ကုလား ပဲဈေးက ဇူလိုင် ၁၉ ရက်မှာတစ်တန် ရူပီး ၄၇၅၀၀ (ကန်ဒေါ်လာ ၈၅၅)ဖြစ်ခဲ့လို့ ဇွန် ၁၅ ရက်နောက်ပိုင်း ကြိုပွိုင့် ဈေးတစ်တန်ရူပီး ၄၀၀၀(ကန်ဒေါ်လာ ၇၂)မြင့်တက်ခဲ့ပါ တယ်။ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့လည်း အလားတူဈေးမြင့် တက်နေပါတယ်။ အခြားပဲများလည်း မိုးရေမလုံလောက်လို့ ဈေးမြင့်တက်နေတယ်။ မိုးရွာသွန်းမှု တိုးတက်တာနဲ့ တစ်ပြိုင် နက် ပဲဈေးပြန်ကျဆင်းမယ်လို့ Mr Dongre မှ ဆိုပါတယ်။ မိုးရွာသွန်းမှုနဲ့ ပတ်သက်လို့ ဈေးကစားမှုများစွာ ရှိ နေတယ်လို့ တမီလ်နာဒူး ပဲမျိုးစုံတင်သွင်းသူများ အသင်း အတွင်းရေးမှူး Mr B Krishnamurthy မှ ပြောကြားပါ တယ်။ ဇွန်လလယ်ကစပြီး ဈေးနှုန်းတွေက ထောင်တက်လာခဲ့ တယ်လို့ ဆိုပါတယ်။ အခုလိုဈေးတက်ရတဲ့ အကြောင်းထဲမှာ မတ်ပဲအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးကို အစိုးရက တစ် တန် ရူပီး ၃၃၀၀၀(ကန်ဒေါ်လာ ၅၉၄)မှ ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၇၄)ကို မြှင့်တင်ပေးလိုက်ခြင်း ကလည်း အပါအဝင်ဖြစ်ပါတယ်။ ပဲသိုလှောင်ထားတဲ့ကုန်သည်များအနေနဲ့ အကျိုးအမြတ် ရှိနိုင်တယ်လို့ Mr Krishnamurthy မှ ဆိုပါတယ်။ မဟာ ရပ်ရှတရာမှာ ပဲစင်းငုံဈေးက ဇွန်လ ၁ ရက်နောက်ပိုင်း တစ်တန် ရူပီး ၆၀၀၀ တိုးပြီး၊ ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၇၄)ဈေးဖြစ်ခဲ့ပြီး၊ ရာဂျတ်စသန်မှာ ပဲတီစိမ်းဈေးကလည်း ရူပီး ၃၇၀၀၀ (ကန်ဒေါ်လာ ၆၆၆) ဝန်းကျင်မှ ရူပီး ၄၀၅၀၀ (ကန်ဒေါ်လာ ၇၂၉)ကို တိုးခဲ့ပါတယ်။ မိုးရွာသွန်းမှုနောက်ကျတာဟာ တစ်လနီးပါးရှိနေပြီး၊ ယခုလလည်း ဆက်ပြီး မိုးပါးမယ်ဆိုရင် ကုလားပဲဈေးက ဆက်ပြီး မြင့်နိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အိန္ဒိယမိုးလေဝသဌာနမှ ခန့်မှန်းချက်အရ ယခုသီတင်းပတ် တိုင်အောင် မိုးရွာသွန်းမှု ၂၅ ရာခိုင်နှုန်းနည်းမယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ရေလှောင်ကန်များမှာလည်း မိုးပါးလို့ ပိုပြီး စိုးရိမ်စရာရှိနေတယ်လို့ ဆိုပါတယ်။ယမင်းခင်၊Source: hindubusiness
Background