ပြည်ပကို သီတင်းပထမပတ်ဖြစ်တဲ့ ဇူလိုင် ၁ ရက်မှ ၇ ရက်တာ ကာလအတွင်း မန်ကျည်း ၉၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာတော့ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၆၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်ချိန်တစ်ရာခြောက် ဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုက တန်ချိန် ခုနှစ် ဆယ်ကျော်လျော့နည်းခဲ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ဇူလိုင်ပထမပတ် အတွင်း မန်ကျည်းတင်ပို့မှုက ၆၃ တန်သာရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လမှာတော့ မန်ကျည်းတန်သုံးဆယ်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာတော့ FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၅၅၀-၅၇၀ ရရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ FOB ဈေးက တစ်တန်ကိုကန်ဒေါ်လာ ၄၀၀-၄၅၀ သာရရှိခဲ့ပါတယ်။ MIRT (DOT)
Background