Main menu

Background

နနွင်း ဝင်ရောက်မှုနည်းလို့ နနွင်းဈေးအမြင့်ဘက် ဆက်ရောက်နိုင်

Sun, 07/15/2012 - 06:25 -- Anonymous (not verified)

    အိန္ဒိယနနွင်းဈေး ဆက်လက်မြင့်တက်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်မှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၀၈၀)အထိရှိခဲ့ပါတယ်။ ဈေးကွက် တွေကို နနွင်းဝင်ရောက်မှုလျော့လာပြီး၊ လှောင်လက်များမှလည်း ဝယ်ယူနေ တာကြောင့် ဈေးကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် မကြာခင်ကျဆင်းနိုင်လို့ လက်ရှိဈေးမှာ ကြာကြာ မရှိနိုင်ဘူးလို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။    လက်ရှိအချိန်ထိ အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါ အသစ်များ လက်ခံရခြင်းမရှိသေးဘူးလို့ ၎င်းင်းက ဆိုပါတယ်။ နနွင်းကြိုပွိုင့်ဈေးကလည်း တစ်တန်ရူပီး ၄၆၀၀၀ - ၄၈၀၀၀ (ကန်ဒေါ်လာ ၈၂၈-၈၆၄)နဲ့ ဆက်ရှိနိုင် တယ်လို့ ဆိုပါတယ်။ ဈေးကွက် ၄ ခုကိုနနွင်းဝင်ရောက်မှုကအိတ် ၆၁၀၀ ကို ကျ ဆင်းခဲ့ပြီး၊ သိုလှောင်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ရောင်းချခဲ့ တယ်လို့ ၎င်းင်းကဆိုပါတယ်။ သိုလှောင်မှု အားလုံးနီးပါးကို လှောင်လက်များ ဝယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းင်း အနေနဲ့ ၂၀၁၄ မှာ နနွင်းဈေးက တစ်တန် ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၈၀၀)ကျော်အထိမြင့်တက်နိုင်တယ်လို့ ၎င်းင်း က ထပ်လောင်းပြောကြားပါတယ်။     နနွင်းတောင်သူ Mr  Palanisamy   က ပြောကြားရာမှ ၎င်းအနေနဲ့ အရည်အသွေးကောင်း နနွင်းများ သိုလှောင် ထားပြီး၊ အလယ်အလတ် အရည်အသွေးနနွင်းကိုတော့ အသုံးစရိတ်အတွက် ရောင်းချနေတယ်လို့ ဆိုပါတယ်။ နနွင်း စိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးနည်းပါးတဲ့အတွက် စိုက်ပျိုးမှု ဧရိယာက ယခင်နှစ် လျော့ကျနေတဲ့ သတင်းများက ဈေးနှုန်း ကို ခိုင်မာစေပါတယ်။    အင်ဒရာပရာဒေ့ရှ်မှာ နနွင်းစိုက်ဧရိယာက ယခင်နှစ်နဲ့ ယှဉ်ရင် ၆၀ - ၇၀ ရာခိုင်နှုန်းလျော့ကျပြီး၊ ပုံမှန်နှစ်တွေ နဲ့ ယှဉ်ရင်တော့ ၂၀- ၃၀ ရာခိုင်နှုန်းလျော့ကျတယ်လို့ Kotak  မှ လေ့လာဆန်းစစ်သူ Fayaz  Hudani မှ ပြောကြား ပါ တယ်။ အီရော့ နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်း လက်ချောင်းတစ်တန် ရူပီး ၂၄၀၉၀ - ၅၁၃၇၀ (ကန်ဒေါ်လာ ၄၃၄-၉၂၅)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၃၆၆၀ - ၄၇၁၁၀ (ကန်ဒေါ်လာ ၄၂၆ - ၈၄၈ )ရှိကြောင်း သိရပါတယ်။ယမင်းခင်Source: hindubusiness