Main menu

Background

နယ်စပ်မှ ရော်ဘာတန် ၂၀၀ ဝန်းကျင်သာ အပို့ရှိ

Wed, 07/18/2012 - 05:50 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၆၆၈ သန်းတန်ဖိုးရှိ  ရော်ဘာအဆင့်စုံ ၂၀၈ တန်ခန့်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်က ၁၉၁ တန်ကျော်အပို့ရှိခဲ့တာမို့ ရော်ဘာအပို့ပုံမှန်ရှိနေတာတွေ့ရပါတယ်။ ယခုအပတ် နယ်စပ်အလိုက်ရော်ဘာ အဆင့်စုံ တင်ပို့နိုင်မှု တွေမှာ မူဆယ် မှ RSS-3  ၁ တန်ဝန်းကျင်နဲ့ RSS-5  ၁၃ တန်၊ ချင်းရွှေဟော် မှ RSS-3 ၁၈၇ တန်ခန့်နဲ့ MSR-50  ၆ ဒသမ ၈၆၄ တန်အသီးသီးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ မော်တော်ယာဉ်ထုတ်လုပ်မှုအရှိန်မြင့်နေတဲ့အတွက် တာယာထုတ်လုပ် မှုပါမြင့်တက်လျက်ရှိရာ စက်မှုကုန်ကြမ်းရော်ဘာဝယ်လိုအား နှစ်စဉ်မြင့်တက်လျက်ရှိနေ တာဖြစ်ပါ တယ်။ မော်တော်ကားတာယာ ထုတ်လုပ်မှုမှာ အကြီးဆုံးဈေးကွက်အား တရုတ်နိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ စက်ဘီးနဲ့ မော်တော် ဆိုင်ကယ်တာယာများ၊ အခြားရော်ဘာထုတ်ကုန်ပစ္စည်းများလည်း ထုတ်လုပ်နေတဲ့အတွက် ရော်ဘာ ဝယ်လိုအားကို တွန်းပ့ိုရာ ရောက်နေပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ရော်ဘာတင်ပို့သူများအနေနဲ့ နိုင်ငံတကာ ပေါက်ဈေးနဲ့အညီ ဈေးရ ရှိရေး နိုင်ငံတကာ ရော်ဘာအဆင့်မီထုတ်လုပ်ကြရန်လိုအပ်ပါတယ်။ ဒါမှလည်း ရော်ဘာစိုက်တောင်သူများနဲ့ ရော်ဘာတင်ပို့သူ များထိုက်သင့်တဲ့ အကျိုးအမြတ်ခံစားခွင့်ရကြမှာ ဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဖက်ရော တစ်ဘက်နိုင်ငံမှာပါ မြေပြင်ေ ရာ်ဘာ ပေါက်ဈေးများ ကျဆင်းတဲ့အတွက် ယခုအပတ်မှာ ရော်ဘာအပို့လျော့ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံရော်ဘာေ ပါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                               မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု           ယခင်       ပြောင်းလဲမှု    %          ယခု    ယခင်      ပြောင်းလဲမှု    %RSS - 3    ၂၄၇၉၀၀၀    ၂၅၄၆၀၀၀      ၆၇၀၀၀      ၂ .၆    ၂၉၂၇     ၃၀၀၆           ၇၉          ၃RSS - 5    ၂၃၄၅၀၀၀    ၂၄၁၂၀၀၀      ၆၇၀၀၀      ၂ .၈    ၂၇၆၉      ၂၈၄၈          ၇၉         ၂ .၈ MIRT (DOBT)