Main menu

Background

မုံရွာ ကုန်စည်ဒိုင် ဇူလိုင်လဝက် ပဲဈေးကွက်

Sun, 07/22/2012 - 05:42 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ရန်ကုန်ဝယ်လက်မရှိဘဲ ပြည်တွင်း စက်မှုကုန်ကြမ်းသုံး ဝယ်လက်သာရှိတဲ့ ကုလားပဲမျိုးစုံဟာ ပဲ လက်ကျန်အခြေအနေကြောင့် တက်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ တစ်တင်း အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ် ၂၀၇၀၀ ကျပ်မှ ၂၁၃၀၀ ကျပ်၊ V2 ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်၊ 929  ၂၀၉၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးတက်ဈေးရခဲ့ကြပါ တယ်။ ဒေသတွင်းရှိ ခွဲစက်အမှုန့်ကြိတ်နဲ့ ကြာဇံစက်သမား တွေအဝင်ကုန်ကြမ်းစုဖို့ အဝယ်ရှိလို့ တစ်ရက်ကို ထိုင်ဝမ်အိတ် ၅၀၀ မှ ၁၀၀၀၊ V2 ၇၀၀ မှ ၈၀၀ အိတ်နဲ့ 929 အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။     ငုံနီအနေနဲ့ ယခုတစ်ပတ်အတွင်း တက်ဈေးနဲ့ ရောင်း အား ဝယ်အားကောင်းနေတာတွေ့ရပါတယ်။ ယခုနှစ် စိုက်ပျိုး ရာသီ ကုန်ဆုံးခါနီးထိ တောင်သူအများစု ပဲစင်းငုံမစိုက်ကြရ သေးသလို စိုက်ပြီးအပင်တွေအဖြစ်နည်းလို့ လာမဲ့ရာသီ ပဲ အထွက်များစွာလျော့နည်းသွားနိုင်တာမို့ ကုန်သည်အချို့ ဈေး မကြိုက်ရင် မရောင်းလိုကြဘူးလို့ သိရပါတယ်။ ယခုအပတ်မှာ ပဲစင်းငုံ ဈေးတစ်တင်း အနိမ့်ဆုံး ၁၇၁၀၀ ကျပ်မှ အမြင့်ဆုံး တစ်တင်း ၁၈၅၀၀ ကျပ်ထိ တက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်ကလည်း ပစ္စည်းစုဖို့ထက် ဈေးပေးဝယ်နေ တာကြောင့် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၈၀၀ မှ ၁၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ဒီလထဲမှာတင် ရန်ကုန်ကို ရေယာဉ်တွေနဲ့ ငုံနီအိတ် ၅ သောင်းကျော် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။     မုံရွာစိမ်းကြီးအနေနဲ့ ဒီရာသီမှာ ပဲအထွက်လျော့ပြီး ဒိုင်ကို ပစ္စည်းအဝင်လည်းနည်းခဲ့တယ်လို့ဆိုပါတယ်။ တရုတ် ဝယ်လက်ရဲ့ အရည်အသွေးနှစ်သက်မှုပေါ်မူတည်ပြီး ဈေး အတက်အကျများခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်အတွင်း ပေါက်ဈေးကတော့ အနိမ့်ဆုံး တစ်တင်း ၂၀၆၀၀ ကျပ်မှ အမြင့်ဆုံး ၂၁၀၀၀ ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါတယ်။     ပြည်တွင်းသုံးဝယ်လိုအားမြင့်လာချိန်မှာ ပစ္စည်းလက် ကျန်လျော့နေတဲ့အတွက်မုံရွာပဲကြီးဈေးကွက်မှာ ရောင်းလက် က မာနေတာ တွေ့ရပါတယ်။ မုံရွာပဲကြီးရဲ့အဓိက ဝယ်လက် တွေဖြစ်တဲ့ မန္တလေး၊ ပခုက္ကူသာမက တောင်တွင်းကြီး၊ မြင်းခြံ ဈေးကွက် အပြင် ပဲကြီးအဓိကစိုက်ပျိုးထွက်ရှိတဲ့ ပြည်၊  အောင်လံဘက်ကပါ ဆွဲအား ကောင်းခဲ့လို့ ယခုအပတ်မှာ ပဲကြီးတစ်တင်း အနိမ့် ၂၀၅၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ထိ အမြင့်ဆုံးဖြစ်ပေါ် လျက် ရှိပါတယ်။ မုံရွာပွဲရုံနဲ့ ကုန်သည်တွေ ဆီမှာ ယနေ့ထိ ပဲကြီးလက်ကျန် အိတ် ၁၀၀၀၀ မှ ၁၅၀၀၀ ထိ ရှိနိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။      ထွန်းလှိုင်