Main menu

Background

ဈေးကွက်များသို့ နနွင်းအဝင်နည်းပေမယ့် အိန္ဒိယနနွင်းဈေး သိသိသာသာကျဆင်း

Sun, 07/22/2012 - 06:00 -- Anonymous (not verified)

    အာရှရဲ့အကြီးမားဆုံးဟင်းခတ်အမွှေးအကြိုင် ဈေးကွက် ကြီးဖြစ်တဲ့ နယူးဒေလီရှိ နနွင်းဈေးကွက်မှာ အဝယ်အော်ဒါ မရှိတာကြောင့် ဈေးသိသိသာသာ ကျဆင်းခဲ့ပါတယ်။ နနွင်း ဝင်ရောက်မှု သိသိသာသာ ကျဆင်း ခဲ့တာကြောင့် ကုန်သည် များ တုန်လှုပ်လာကြတယ်လို့ ဆိုပါတယ်။ ရောင်းချဖို့ ဇူလိုင် ၁၇ ရက်မှာ အိတ် ၄၇၂၇ အိတ်သာ ဝင်ရောက်လာလို့ ယခု နှစ်အတွင်း အနိမ့်ဆုံး ပမာဏနဲ့ ဝင်ရော က်ခြင်းဖြစ်ကြောင်း၊ ဒါပေမယ့် ဈေးနှုန်း မြင့်တက်မယ့်အစား တစ်တန် ရူပီး ၇၀၀၀ (ကန်ဒေါ်လာ ၁၂၇)အထိ ကျဆင်းခဲ့ကြောင်း အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာ မှ ပြောကြားပါတယ်။    အီရော့ဒေသနဲ့ ဝန်းကျင်ဒေသတွေမှာ မိုးရွာသွန်းတာ ကြောင့် တောင်သူအနည်းငယ်က နနွင်းရောင်းချဖို့ သယ်ယူမှု ရှိနေတယ်လို့ ဆိုပါတယ်။ Gobichettipalayam သမဝါယမ ဈေးကွက်ရှာဖွေရေးအသင်းကို တောင်သူ တစ်ဦးလျှင် နနွင်း ၃ အိတ်သာသယ်ယူလာလို့ လေလံဖြစ်မြောက်ခြင်း မရှိဘူးလို့ သိရပါတယ်။လှောင်လက်များက နနွင်းအိတ် ၃၀ သိန်းကျော် ဝယ်ယူထားပြီးဖြစ်လို့ ပမာဏနည်းနည်းသာ ဝယ်ယူနေကြ တယ်လို့ ဆိုပါတယ်။    လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နနွင်းကြိုပွိုင့်ဈေးက တစ်တန် ရင်းဂစ် ၅၂၀၀၀(ကန်ဒေါ်လာ ၉၄၃) ရှိခဲ့ပေမယ့် အိန္ဒိယမြောက်ပိုင်းမြို့များမှ အဝယ်မရှိတာကြောင့် ရောင်း ဝယ်မှု ထိုင်းနေတယ်လို့ ဆိုပါတယ်။ မကြာခင် နနွင်းဈေး ထပ်မံ ကျဆင်းနိုင်တယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်နဲ့ တမီလ်နာဒူးပြည်နယ်တွေ မှာ မိုးရွာသွန်း နေတာကြောင့် နနွင်းစိုက်ပျိုးမှုအတွက် အကျိုးရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    ဒါပေမယ့် ယခုနှစ် နနွင်းထုတ်လုပ်မှုကို ခြုံငုံကြည့်ရင် စိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးနည်းတာကြောင့် နနွင်း အထွက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိနေပါတယ်။ တောင်သူများက ဝင်ငွေပိုရတဲ့ အခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးလာကြလို့ စိုက်ဧရိယာလည်း ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အီရော့ နနွင်း ကုန်သည်များအသင်းဈေးဝင်း မှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၂၃၆၄၀ - ၄၈၅၆၀ (ကန်ဒေါ်လာ ၄၂၉ - ၈၈၁) ရှိပြီး၊ နနွင်းဥဈေးက တစ်တန် ရူပီး ၂၂၁၇၀-၄၆၇၄၀ (ကန်ဒေါ်လာ ၄၀၂- ၈၄၈)ရှိကြောင်း သိရပါတယ်။ယမင်းခင်Source: hindubusiness