Main menu

Background

ပြည်ပဲတီစိမ်း အဝယ်လိုက်သလို ဈေးလည်းမြင့်လာ

Sun, 07/29/2012 - 06:19 -- Anonymous (not verified)

       ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်ကို ပဲတီစိမ်းအသစ်များ ယခင်အပတ် ကထက် ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဇူလိုင်လဆန်း မှစပြီး ပဲသစ်များ ဈေး ကွက်ကို စတင်ဝင်ရောက်ခဲ့ကြပြီး၊ ယခုဆိုရင် ဒေသတွင်း မြို့နယ်များမှပါ ထွက်ရှိ လာတဲ့အတွက် တစ်ရက်ကို အိတ် ၂၀၀ ခန့် ဝင်ရောက်လာခဲ့တာကို တွေ့ရပါ တယ်။ ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါအဝယ်ရှိပြီး၊ အဝင်ရှိသလောက်၊ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ အဖွင့်ဈေး ၁၇၅၀၀ ကျပ်နဲ့ ဈေး ဖွင့်ဝယ်ယူခဲ့သော်လည်း ယခုပဲထွက်ရှိမှုများလာတဲ့အချိန်မှာ တစ်တင်း ၁၉၀၀၀ ကျပ်ထိ ဈေးမြင့်ဝယ်ယူလျက်ရှိတာကို တွေ့ရပါတယ်။ခင်ဆွေဝင်း