Main menu

Background

အိန္ဒိယကုန်သည်တို့က ထိတ်လန့်တကြားဖြင့် နနွင်းဝယ်စု

Sun, 07/29/2012 - 06:37 -- Anonymous (not verified)

    ယခုနှစ်မှာ နနွင်းအစိုက်နည်းတာကို အကြောင်းပြုပြီး စိုးရိမ်မှုတွေကြောင့် လှောင်လက်များနဲ့ ကုန်သည်များက ပုံ အော ဝယ်ယူလျက်ရှိတဲ့အတွက် လက်ငင်းဈးကွက်မှာ နနွင်း ဈေးတွေ မြင့်တက်နေပါတယ်။    " ပြီးခဲ့တဲ့နှစ်က နနွင်းရိတ်သိမ်းလို့ရတာက အိတ်သိန်း ၁၀၀ လောက်ရှိပါတယ်။ အိတ် သိန်း ၅၀ လောက်က ခုနှစ်လ အတွင်း ကုန်သွားတယ်။ အခုတော့ ရာသီဥတု အခြေအနေ ဆိုးဝါးပြီး မိုးနည်းနေတဲ့အတွက် စိုက်တာလည်း နည်းသွား တယ်။ ဒါကြောင့်နောက်နှစ်ရောင်းဖို့အိတ် သိန်း ၅၀ လောက် ပဲကျန်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအတိုင်းတွက်မယ်ဆိုရင် တချို့လှောင်လက်တွေက       အားသွန်ဝယ်လာကြလိမ့်မယ် " လို့ ကုန်သည်တွေနဲ့ ဝယ်လက်ကြီးတွေက ပြောပါတယ်။    လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိန္ဒိယမြောက်ပိုင်းကုန် သည်တွေထံက အမှာစာရကြောင်း ကုန်သည်တွေက ပြောပါ တယ်။ ဒီကိစ္စကြောင့်လည်း ဈေးတက်လာတာဖြစ်မယ်လို့ ဆို ပါတယ်။ ဂိုဘီချက်တီပါလာရမ် သမဝါယမ အသင်းက နနွင်း တစ်ကွမ်တယ်ဈေးကို ၄၈၉ ရူပီးတက်လာပါတယ်။ အီဂုတ် သမဝါယမအသင်းမှာ အတက် (Finger) အမျိုးအစားက တစ်ကွမ်တယ်ကို ၅၇၉၀ ရူပီးနဲ့ ၇၅၆၀ ရူပီးကြားရောင်းပြီး၊ အမြစ် (Root)အမျိုးအစားက တစ်ကွမ်တယ်ကို ၅၃၃၃ ရူပီး ကနေ ၆၀၀၉ ရူပီးကြား အရောင်းအဝယ်ဖြစ်ပါတယ်။ စုစုပေါင်း အိတ် ၁၃၀၀ ရောင်းရပါတယ်။ ဂိုဘီချက်တီပါလာ ရမ် ဈေးကွက်မှာ အတက်ဈေးက ၅၀၉၉ ရူပီးနဲ့ ၇၃၉၉ ရူပီး အကြားရှိပြီးအမြစ်က ၅၀၈၉ ရူပီးနဲ့ ၆၇၅၉ ရူပီးကြားရှိပါ တယ်။ စုစုပေါင်းအိတ် ၁၈၀ ရောင်းထွက်ပါတယ်။UNT,Source: thehindubusinessline.com