Main menu

Background

လွယ်ဂျယ်နယ်စပ်မှ ပြောင်း တင်ပို့ခဲ့

Sun, 07/29/2012 - 09:46 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုညဒသမ ၀၈၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၃၀၀ ကို ဇူလိုင်လ ၁၈ ရက် မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်ပု့ိနိုင်တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ လည်း ကန်ဒေါ်လာ ၁ ဒသမ ၁၄၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၇၂၂ တန်ကျော် လည်း တင်ပို့ခဲ့ရာ ယခုအပတ်မှာ နယ်စပ်မှ ပြောင်းဖူးစေ့ စုစုပေါင်း ၄၀၂၂ တန် ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန် ၁၇၆၀ ခန့် လျော့နည်း တင်ပို့ခဲ့ပါတယ်။ ပြောင်းလက် ကျန်နည်းခြင်းနဲ့ တစ်ဖက်နိုင်ငံမှ ပြောင်းတင်သွင်းမှု အား စိစစ်တားဆီးမှုများရှိနေ ၍ လျော့နည်းတင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်ပြောင်းဈေးဟာ အနည်းငယ်မျှသာ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါ တယ်-                   မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု          ယခင်      ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု    %    ၃၄၁၇၀၁    ၃၄၀၇၇၃         ၉၂၈       ၀ .၃     ၃၉၃     ၃၉၄           ၁          ၀ .၃