Main menu

Background

ဖိလစ်ပိုင်နိုင်ငံမှာ ရော်ဘာစိုက်ပျိုးမှု ဧရိယာများ ပိုမိုတိုးချဲ့နိုင်မည့် အစီအစဉ်ပြန်လည်သုံးသပ်

Sun, 07/29/2012 - 09:56 -- Anonymous (not verified)

    ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဧရိယာချဲ့ထွင်နိုင်ခြင်းဖြင့် ရော်ဘာစိုက်တောင်သူများရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လူနေမှုဘ၀ မြှင့်တင်နိုင်ရေး ရေးဆွဲထားတဲ့အစီအစဉ်များကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံလယ်ယာစိုက်ပျိုးရေး သုတေ သန ဗျူရိုဌာန (Bureau of Agricultural Research- BAR)  မှ ညွှန်ကြားရေးမှူး Nicomedes P. Eleazar က ပြောကြားခဲ့ ပါတယ်။ ရော်ဘာရောင်းဝယ်မှုကဏ္ဍတွင် ရော်ဘာစိုက်တောင်သူများနဲ့ စီးပွားရေးလုပ်ငန်းရှင်များရဲ့ စိုက်ပျိုးထုတ် လုပ်ရောင်းချမှုအခြေအနေ၊ တရုတ်နဲ့အခြားစီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံများသို့ ဈေးကွက်အမြောက်အများရရှိရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး မည်ကဲ့သို့လုပ်ဆောင်ပေးရမည်ကို စဉ်းစားနေတယ်လို့ ဆိုပါတယ်။    ဖိလစ်ပိုင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးသုတေသနဌာနရဲ့  ရော်ဘာစက်မှုထုတ်လုပ်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုဟာ တဖြည်းဖြည်း တိုးတက်လာလျက်ရှိပြီး ရော်ဘာဈေးနှုန်းဟာလွန်ခဲ့တဲ့ ၇ နှစ်ခန့်နဲ့ နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်လာတယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့ရော်ဘာဝယ်လိုအားဟာ တန်ချိန် ၁၂ သန်းကျော် ရှိလာနိုင်တယ်လို့ ခန့်မှန်း နေကြရာ ရော်ဘာခြံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် ဈေးကွက်တိုးချဲ့နိုင်ရေးကို အထောက်အကူပြုစေမှာဖြစ်တယ်လို့ BAR  က ဆိုပါတယ်။ BAR   အနေနဲ့ သုတေသနလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရော်ဘာ စီမံကိန်းများတိုးချဲ့ရေးတို့ အကောင် အထည်ေ ဖာ်ဆောင်ရန် ရံပုံငွေများချမှတ်ပေးထားတယ်လို့  Mr.Eleazar  ကပြောပါတယ်။ ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံရဲ့ ရော်ဘာ စိုက်ဧကမှာ ဟက်တာ ၁၅၀၀၀၀ ရှိကြောင်းသိရပါတယ်။  အေးအေးမြ၊ Source: Business world online