Main menu

Background

ချင်းရွှေဟော်နယ်စပ်မှ ရော်ဘာအဆင့်စုံ တန် ၅၀၀ ဝန်းကျင် တင်ပို့ခဲ့

Sun, 07/29/2012 - 09:53 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ဇူလိုင် ၁၈ ရက်မှ ၂၄ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၁၀ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၀ ဒသမ ၁၀၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှုထက် နှစ်ဆကျော် ပိုမိုတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ ၂၇၅ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခု အပတ်မှာ ချင်းရွှေဟော်မှ ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ၄၇၃ တန်ကျော်၊RSS-5 ၁၅ တန်နဲ့  MSR-50 ၈၇ တန် ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ရော်ဘာမြေပြင်ပေါက်ဈေးများ လျော့ကျလျက်ရှိပြီး မူဆယ်နယ်စပ်မှ ယခုအပတ်မှာ ရော်ဘာ အပို့မရှိဘူးလို့ သိရပါတယ်။ မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                   မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                 ယခု          ယခင်       ပြောင်းလဲမှု      %        ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၄၇၉၀၀၀    ၂၄၉၇၅၀၀       ၁၈၅၀၀      ၀ .၇     ၂၉၃၂     ၂၉၂၇          ၅        ၀ .၂RSS - 5    ၂၃၄၅၀၀၀    ၂၃၆၂၅၀၀       ၁၇၅၀၀      ၀ .၇      ၂၇၇၃     ၂၇၆၉         ၄         ၀ .၁ MIRT (DOBT)