သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပဲတီစိမ်း ၁၆၁၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၂၂၉ သန်းဖိုးမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၆၃ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၄၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ယခုအပတ်မှာ တင်ပို့မှု လျော့ကျသော်လည်း မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲဈေးများ အနည်းငယ်တက်လျက် ရှိတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက် ပြောင်းလဲမှု ရာခိုင်နှုန်း တစ်ဘက်နိုင်ငံ ပြောင်းလဲမှု ရာခိုင်နှုန်း (ကျပ်/တန်) (ဒေါ်လာ/တန်)ဇူလှိုင်လ တတိယပတ် ၁၃၂၂၆၅၀ ၁၃၀၅ သြဂုတ်လ ဒုတိယပတ် ၁၁၀၄၈၆၂ ၂၁၇၇၈၈ ၁၅ ၁၀၉၇ ၂၀၈ ၁၉သြဂုတ်လ တတိယပတ် ၁၁၂၂၉၄၈ ၁၈၀၈၆ ၂ ၁၁၁၄ ၁၇ ၂ MIRT(DOBT)
Background