ဇူလိုင်လ ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက် မှာ မတ်ပဲဈေး ၆၂၃-၆၄၆ ဒေါ်လာသာရှိရာက မုတ်သုန်မိုး ပုံမှန်ထက်လျော့နည်းတဲ့ သတင်းတွေကြောင့် ဇူလိုင်တတိယ ပတ်မှာ ဒေါ်လာ ၇၀၀ ကျော်ကို ခုန်တက်ခဲ့ပြီး ၂၃ ရက်နေ့မှာ ၇၉၄ ဒေါ်လာအထိဈေးတက်လာခဲ့ပါတယ်။
၂၄ ရက် နောက် ပိုင်းမှာတော့ အရောင်းအဝယ်ပါးပြီး ၇၄၉ ဒေါ်လာကို ဈေး ပြန်ကျဆင်းသွားခဲ့ရာက ဇူလိုင်လကုန်မှာ ၇၂၁ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြဂုတ် ၁ ရက်မှာတော့ ၇၂၉ ဒေါ်လာ ဈေးနဲ့ အနည်းငယ်ပြန်ခိုင်မာလာပါတယ်။ ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်အကြားမှာ နေရူးဆိပ်ကမ်းသို့ မြန်မာမတ်ပဲကွန်တိန်နာ ၁၈၀ လုံး၊ ဇူလိုင် ၂၇ ရက်အထိ ချန်နိုင်းဆိပ်ကမ်းကို မတ်ပဲကွန်တိန်နာ ၃၆၅ လုံးဝင်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ရာဂျက်စသန်ပြည် နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ မိုးမတ်ပဲ ၁ ဒသမ ၅၄ ဟက်တာ သိန်းသာစိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူစိုက်ဧက ဟက်တာ ၁ ဒသမ ၅၄၅ သိန်းထက် လျော့နည်းခဲ့ပါတယ်။