Main menu

Background

ယခုတစ်ပတ် ပဲမျိုးစုံရောင်းအားလျော့ပေမဲ့ အမြင့်ဈေးနဲ့ ယခင်အပတ်ထက် တင်ပို့မှု ပိုနေ

Mon, 08/27/2012 - 07:13 -- Anonymous (not verified)

ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုထဲက တန်ချိန် အများဆုံး တင်ပို့တဲ့ မတ်ပဲက တန် ၁၃၈၀၀ ကျော်နဲ့ ယခင်အပတ်တင်ပို့ မှု တန်ချိန် ၁၃၁၀၀ ကျော်ထက် ပိုမိုတင်ပို့နိုင်ပေမဲ့ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှုကတော့  တန်ချိန် ၇၅၀၀ ကျော် သာရှိလို့ ယခင်အပတ်ထက် ၆၂ ရာခိုင်နှုန်းသာ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။

ရန်ကုန်  FOB ဈေးက ယခင်အပတ် ထက်မြင့်လာပေမဲ့ ပြည်ပဈေးက လျော့နေပါတယ်။ ယခု တစ်ပတ်အတွင်းမတ်ပဲကိုတရုတ်၊ကျူးဘား၊အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တူနီးရှား၊ ဗီယက်နမ်၊ ဆွစ်ဇာလန်၊ ဆွီဒင်နဲ့ သြစတြေးလျနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ မတ်ပဲကိုလက်ရှိ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ တန်ချိန် ၂၆၄၈၀၀ ကျော် တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူက တင်ပို့မှုတန်ချိန် ၂၅၃၂၀၀ ကျော်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ပဲတီစိမ်းကို ယခုတစ်ပတ်တန်ချိန် ၂၆၀၀ ကျော်တင်ပို့ ခဲ့လို့ ယခင်အပတ်တင်ပို့မှု တန်ချိန် ၂၃၀၀ ထက်ပိုမိုတင်ပိုခဲ့ပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တန်ချိန် ၆၈၀ ကျော်သာရှိ လို့ ယခင်အပတ်ထက် ၈ ရာခိုင်နှုန်းသာ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ဒါပေမဲ့ ရန်ကုန်  FOB ဈေးက ယခင်အပတ် အတိုင်း ဈေးငြိမ်နေပြီး ပြည်ပပဲဈေးက အနည်းငယ်အေးနေ ပါတယ်။ ယခုတစ်ပတ်ပဲတီစိမ်းကို တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ပိုလန်၊ ဘင်္ဂလား ဒေ့ရှ်နဲ့ ဂျာမဏီနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ ပဲတီစိမ်းကို လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ တန်ချိန် ၁၄၂၈၀၀ ကျော်တင်ပို့ခဲ့လို့ ယခင်နှစ် ကာလတူတန်ချိန် ၁၃၁၀၀၀ ကျော်ထက်ပိုတင်ထားပါတယ်။ ယခုတစ်ပတ်ပဲစင်းငုံတင်ပို့မှုက အခြားပဲတွေထက် တင် ပို့နှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံ ရောင်းဝယ်မှုကတော့ အခြားပဲတွေလိုပဲ လျော့နေပါတယ်။ ပဲစင်းငုံကို တစ်ပတ် အတွင်း တန် ၁၂၂၀၀ ကျော်နဲ့ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဆွစ်ဇာလန်နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ အိန္ဒိယပဲစင်းငုံ အဝယ်လိုက်ပြီး ဈေးဆက်မာနေလို့ ရန်ကုန်  FOB ဈေးလည်းမြင့်နေပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင် လကုန်ထိ တန်ချိန် ၁၃၆၆၀၀ ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူတင်ပို့မှု တန်ချိန် ၆၆၉၀၀ ထက် နှစ်ဆကျော် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခုတစ်ပတ် ကုလားပဲ တင်ပို့မှုက အခြား ပဲတွေလိုပဲ တင်ပို့မှုမြင့်နေပါတယ်။ ရောင်းဝယ်မှုက ယခင်အပတ်ထက် လျော့ပြီး ၁၀ ရာခိုင်နှုန်းသာရှိပါတယ်။ ပြည်ပကုလားပဲ ဈေး အေးနေပြီး ကုလားပဲ  FOB ဈေးလည်း ငြိမ်နေတာကြောင့် ရောင်းဝယ်မှုလည်း အေးနေတယ်ဆိုရမှာပါ။ ကုလားပဲကို တစ်ပတ်အတွင်း တန် ၁၀၀၀ ကျော်နဲ့ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဆွစ်ဇာလန်နဲ့ ယူအေအီးနိုင်ငံများကို တင်ပို့ခဲ့ပါ တယ်။MIRT - MAPT