Main menu

Background

အိန္ဒိယနိုင်ငံတွင် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် မုတ်သုံ ပုံမှန်ထက်နည်း၍ သီးနှံများထိခိုက်၊ ပဲဈေးများ အတက်အကျ ကစား

Mon, 08/27/2012 - 07:14 -- Anonymous (not verified)

အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံနဲ့ စားသုံးဆီတန်ဖိုး ရူပီးကုဋေ ၅၅၀၀၀ ဖိုး တင်သွင်းခဲ့ပြီး၊ ယခုနှစ်မှာ ရူးပီး ကုဋေ ၆၀၀၀၀ အထိ တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ မှာ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံတန်ချိန် ၃ သန်းခန့်အထိ တင်သွင်းခဲ့ရပြီး၊ ဒီနှစ်မှာတော့ တန်ချိန် ၄ သန်းကနေ ၄ ဒသမ ၅ သန်းအထိ တင်သွင်းရဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

အိန္ဒိယ ပြည်တွင်းပဲစားသုံးမှုက တန်ချိန်သန်း ၂၀ ခန့်ရှိပြီး၊ မနှစ်က တန်ချိန်  ၁၇ သန်းထုတ် လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဲဒီထက် ထုတ်လုပ်မှုကျဆင်းနိုင်ပြီး ပိုသွင်းဖို့ လိုအပ်မယ်လို့   Indiabulls  Ltd  မှ လက်ထောက်ဒုတိယဥက္ကဋ္ဌ Badruddin က ဆိုပါတယ်။ အနောက်တောင် မုတ်သုံမိုးက ဒီနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ပုံမှန်ထက်လျော့နည်းခဲ့လို အဓိကမိုးသီးနှံများ စိုက်ပျိုးမှု ကျဆင်းခဲ့ပါတယ်။ ကြီးကြီးမားမား ထိခိုက်တာကတော့ နှံစားသီးနှံတွေနဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ(အဓိကမြေပဲ)တို့ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနကရတဲ့ နောက်ဆုံးစာရင်းအရ ပြီးခဲ့တဲ့ အပတ်အထိ ပဲစိုက်ဧရိယာဟာ ကာလ တူကပုံမှန်စိုက်ဧရိယာထက် ၂၁ ရာခိုင်နှုန်း လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ပဲတွေမှာ အဓိက ပြဿနာက မိုးရာသီ ထုတ်လုပ်မှုမှာ လျော့မယ်လို့ ခန့်မှန်းရရှိလို့တင် မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ထုတ်လုပ်မှု အခြေအနေအရ လက်ထဲမှာလည်း ပဲလက်ကျန်မရှိတော့ပဲ အဓိကက ကုလားပဲလို့ သိရပါတယ်။ ၂၀၁၁-၁၂ မှာ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၂၁ သန်းထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက် ၅ ဒသမ ၆ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ သိရပါတယ်။နှင်းကရီ၊Source: busniness-standard.com