Main menu

Background

ဝယ်လိုအားမြင့်တက်မှုကြောင့် နနွင်းဈေး နှစ်ရာခိုင်နှုန်းမြင့်တက်

Mon, 08/27/2012 - 07:34 -- Anonymous (not verified)

နနွင်းစိုက်ဧရိယာကျဆင်းမှုနဲ့ နနွင်းစိုက်နယ်မြေတွေမှာ မိုးပါးတဲ့အတွက် ဈေးကစားလိုသူတိုင်း အလှောင်များတဲ့ အတွက် နနွင်းကြိုပွိုင့်ဈေးက သြဂုတ် ၃ ရက်တွင် တစ်ကွမ် တယ်ကို ၁၁၂ ရူပီး မြင့်တက်ပြီး ၅၆၄၈ ရူပီးနှုန်းရှိခဲ့ပါတယ်။

ဇူလိုင်လမှာအဝင်များကြောင်း ထွက်ပေါ်လာပြီးနောက် ပိုင်း အမြတ်နဲ့ ပြန်ထုတ်တာများလာတဲ့အတွက် နနွင်းကြိုပွိုင့် ဈေးများကျဆင်းလာခဲ့ပါတယ်။ဒါပေမဲ့အဓိကစိုက်ပျိုးရာဒေသ တွေမှာ မိုးပါးတဲ့အတွက် စိုက်ဧရိယာကျဆင်းကြောင်း သတင်း တွေ ထွက်ပေါ်လာပြီးနောက် ဈေးများ နောက်ဆုံးဈေးတွင် တင်းခံ နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးထုတ်လုပ်ရာနယ်မြေများမှ အဝင်နည်းလာခြင်းနဲ့ အဓိကစိုက်ပျိုးနယ်မြေတွေမှာ မိုးပါးနေခြင်းတို့ကြောင့် ဈေး နှုန်းတွေ တက်ရိပ်ပြလာပါတယ်။ အမျိုးသားကုန်စည်နှင့် ဆင့်ပွား စာချုပ်စာတမ်းများ ရောင်းဝယ်ရေးဒိုင်တွင် သြဂုတ် လအတွက် နနွင်းကြိုပွိုင့်ဈေးက ၁၁၂ ရူပီး ( ၂ ဒသမ ၀၂ ရာခိုင်နှုန်း) မြင့်တက်ပြီး  တစ်ကွမ်တယ်ကို ၅၆၄၈ ရူပီးနှုန်းရှိ ခဲ့ပါတယ်။UNT,Source: pti.com