Main menu

Background

ရာသီကုန်ချိန်နီးလာလို့ ရှမ်းပြောင်းဈေးမာလာ

Mon, 08/27/2012 - 09:04 -- Anonymous (not verified)

ရှမ်းပြောင်းကတော့ ရာသီကုန်ချိန်နီးလေ ပိုတက်လာလေပါပဲ။ ပြောင်းသစ် ကတော့ သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းမှသာ ဈေးကွက်ကို ပြန်ပြီးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်က ပြောင်းလှိုင်လှိုင်ပေါ်ချိန်မှ ဝယ်သမား သိပ်မရှိပဲ အီလည်လည် သာရှိပါတယ်။

အစာစပ်တွေကတော့ ပြောင်းသန့်တွေကို တစ်ပိဿာ ၂၇၀ ကျပ်မှ ၃၀၀ ကျပ်နဲ့ပေးပြီး ဝယ်ထားတာကြောင့် စောစောစီးစီးသတ်မှတ်ချက်ပြည့်သွားပြီး ၅ လပိုင်းမှာ အဝယ်ရပ်သွားတာကြောင့် နောက်ပိုင်းမှ အရောင်းအဝယ်အေးသွား ပြီး၊ ဈေးကလည်း ၃၀၀ ကျပ် - ၃၅၀ ကျပ်နဲ့သာငြိမ်နေပါတယ်။ ၆ လပိုင်းလောက်ကစပြီး၊ မူဆယ်ဝယ်လက်တွေ ဝယ်လာတာကြောင့် ပြောင်းဈေးက တစ်ရိပ်ရိပ်တက်လာပါတယ်။ တစ်လကို ပိဿာချိန်သိန်းချီပြီး ဆင်း နေတာကြောင့် အရောင်းကလည်းသွက်လာပါတယ်။ ၇ လပိုင်းမှာတော့ တစ် ပိဿာကို ၄၃၀ ကျပ်ကျော်လာပြီး၊ တစ်လအတွင်း ပိဿာချိန် ၅ သိန်းခန့် စီးဆင်း သွားပါတယ်။ ဒီတစ်ပတ်မှာ ဈေးထပ်တက်လာပြီး တစ်ပိဿာကို ၄၇၀ ကျပ် ဈေး ရှိတယ်လို့ သိရပါတယ်။                                       ဧဧခိုင်