Main menu

Background

မုံရွာကုန်စည်ဒိုင် သြဂုတ်လပထမပတ် ပဲဈေးကွက်

Mon, 08/27/2012 - 10:31 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် သြဂုတ်လပထမပတ် ကုလားပဲဈေး ကွက်မှာ ရန်ကုန်အဝယ်ပါးပေမယ့် ဒေသတွင်း လုပ်ငန်းသုံး အဝယ်ပုံမှန်ရှိပြီး၊ ပဲလက်ကျန်နည်းကာရောင်းလိုအား လျော့ လာတဲ့အတွက် ဈေးအနည်းငယ်ပြန်မာ လာ ခဲ့တာတွေ့ရပါ တယ်။

ယခုတစ်ပတ် ကုလားပဲဈေးကွက်အခြေအနေကို လေ့ လာတဲ့အခါ ထိုင်ဝမ်ကုလားပဲ လက်ကျန် နည်းလာသလို ပဲ အထွက်များတဲ့ ချောင်းဦးဘက်က သိသိသာသာ အဝင်လျော့ နည်းလာခဲ့ကာ ဒေသတွင်းလှောင်လက်တွေလည်း ထုတ် မရောင်းကြသေးလို့ တစ်ပတ်အတွင်း တစ်တင်း ၂၁၈၀၀ ကျပ်ကနေ ၂၂၆၀၀ ကျပ်ထိ ဈေးပြန်မာခဲ့တယ်လို့ ကုန်သည် တွေက ပြောပါတယ်။ 929 ကုလားပဲလည်း ထိုင်ဝမ်နည်းတူ ပဲခွဲစက်နဲ့ ပဲမှုန့် လိုင်းက အဆွဲပုံမှန်ရှိလို့ တစ်တင်း ၂၂၅၀၀ ကျပ်ကနေ ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာတာတွေ့ရပါတယ်။ V2 ကုလားပဲကတော့ ရန်ကုန်ဝယ်လက်က တက်ဈေးနဲ့ မဝယ်ချင် ပေမယ့် ဒေသခံကုန်သည် တချို့ပဲစင်းငုံကြိုက်ဈေးနဲ့ ရောင်း လို့ရတဲ့ငွေနဲ့ ပစ္စည်းရှားပြီး၊ တက်ဈေးဖြစ်နိုင်မယ့် V2 ကို အစားထိုးသိုလှောင်ဖို့ အဝယ်ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တစ်တင်း ၂၂၈၀၀ ကျပ်ထိ ဈေးပြန်မာလာ ခဲ့ပါတယ်။ ယခု တစ်ပတ်တော့ ကုလားပဲမျိုးစုံ ရောင်းဝယ်မှုအနေနဲ့ ထိုင်ဝမ် ကုလားပဲ တင်း ၁၅၀၀ မှ ၂၀၀၀ ကြား၊ 929 ကုလားပဲက တင်း ၂၀၀၀ ခန့်နဲ့၊ V2ကုလားပဲကတင်း ၈၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါ တယ်။ ဒီတစ်ပတ် ပဲဈေးကွက်မှာ ပဲစင်းငုံနီရောင်းအားဝယ်အား ဆက်လက်ကောင်းမွန်နေခဲ့ပြီး၊ အဓိကရန်ကုန် ဝယ်လက်ဖြစ် တယ်လို့ ဆိုပါတယ်။ ငွေပြန်ဖော်လိုသူတွေ အကျိုးအမြတ်ရ နိုင်မယ့် ပဲကိုပြောင်းလဲ လှောင်လို သူတွေ ထုတ်ရောင်းခဲ့ကြ သလို ရန်ကုန်ဝယ်လက်အဆွဲ သွက်ခဲ့လို့ တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၂၃၀၀ ကျပ်ထိ တက်ဈေး ဖြစ်ပေါ်ခဲ့တာတွေ့ ရပါတယ်။ အရောင်းအဝယ်ပမာဏအားဖြင့် မုံရွာကုန်စည် ဒိုင်မှာယခုတစ်ပတ်အတွင်း တင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး၊ ရန်ကုန် ကိုရေလမ်းကနေ တင်း ၃၀၀၀၀ ခန့် တင်ပို့ပြီးစီးခဲ့တယ်လို့ ကုန်သည်နဲ့ ရေယာဉ်ကိုယ် စားလှယ်များက ဆိုပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာတော့ အိန္ဒိယ တင်ဖို့  ရန်ကုန်အဝယ်တော်တချို့  ပဲစုဆောင်းဝယ်ယူမှု ရှိတဲ့အတွက် တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၂၁၀၀၀ ကျပ်သို့ တက်ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန် နည်းပေမယ့် အရည်အသွေး အနည်းငယ်နိမ့်လို့ ဈေးအရနည်း သလို ရောင်းလက်ရှာတဲ့အတွက် တစ်ပတ်အတွင်း တင်း ၁၅၀၀ မှ ၂၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်မုံရွာ ပဲကြီးဈေးကွက်မှာတော့ လှောင် လက်တချို့ ထုတ်ရောင်းခဲ့ကြလို့ ဈေးအားဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ကနေ ၂၄၈၀၀ ကျပ်ထိ အနည်းငယ် ကျဆင်း သွားတာတွေ့ရပါတယ်။ နယ်အဝင်များတဲ့ရက်တွေမှာ တစ် ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသတွင်း လက်လီအရောင်းအနေနဲ့ တစ်ပတ်အတွင်း တင်း ၁၅၀၀ ခန့် သာ ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်