Main menu

Background

အရောင်းသွက်နေတဲ့ ချင်း(ဥမ)

Mon, 08/27/2012 - 10:44 -- Anonymous (not verified)

ချင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိဆဲပါပဲ။ သီတင်းကျွတ်လောက်ဆိုရင် တော့ ချင်း(ဥမ)တွေကုန်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ချင်း တက်တွေက ဈေးကွက်ကိုစပြီး ဝင်လာတော့မှာဖြစ်ပါတယ်။

ချင်း(ဥမ)တွေက အကုန်နီးပါးဖော်ပြီးနေပါပြီ။ မဖော်သေးဘဲထားရင်လည်း ရေများပြီး ပုပ်ကုန်မှာဖြစ် လို့ ဖော်ထားကြရတယ်လို့ ဆိုပါတယ်။ ဖော်ပြီးတဲ့ ချင်း(ဥမ)တွေကလည်း အနည်း ဆုံး၂ လ၊ ၃ လလောက်အထားခံတယ်လို့ သိရပါတယ်။ ချင်းထိုးသမားတွေ ဝယ်နေ တာကြောင့် ချင်း(ဥမ)ဈေးတက်လာပါပြီ၊ ချင်းတက်ကတော့ ဈေးနည်းနည်း ပြန်ကျ လာပါတယ်။ ချင်းထိုးသမားတွေကလည်း တစ်ပတ်ကို ပိဿာချိန် ၁၀၀၀ ခန့်မှာ ယူနေတာကြောင့် အရောင်းကလည်း သွက်နေပါတယ်။ ဥမဈေးက တစ်ပိဿာ ၁၈၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိပြီး၊ ချင်းတက်ကတော့ အရောင်းအေးနေလု့ိ ဈေး ကလည်း တစ်ပိဿာ ၂၀၀ ကျပ် - ၂၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကပစ္စည်းလက်ကျန်နည်းနေပါပြီ။ လောလောဆယ်ပေါက်ဈေးက တစ်ပိဿာ ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ်ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က တစ် ပိဿာ ၁၄၇၅ ကျပ်နဲ့ ပိဿာချိန် ၁ သောင်းအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                      ဧဧခိုင်