Main menu

Background

အိန္ဒိယအစိုးရက ပဲမျိုးစုံအနိမ့်ဆုံး ထောက်ပံ့ဈေးမြှင့်တင်ပေမယ့် CACP ရဲ့ အကြံပြုတဲ့ ဈေးနှုန်းထက်လျော့တယ်လို့ဆို

Wed, 08/29/2012 - 06:11 -- Anonymous (not verified)

အိန္ဒိယအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပဲမျိုးစုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(MSP) ကို နောက်ဆုံး ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၂-၁၃ အတွက် ပဲစင်းငုံနဲ့ ပဲတီစိမ်း တို့ရဲ့MSP ဈေးနှုန်းမှာ တစ်တန် ရူပီး ၃၈၄၀၀ (ကန် ဒေါ်လာ ၆၉၂)နဲ့ ရူပီး ၄၄၀၀၀ (ကန်ဒေါ်လာ ၇၉၂)အဖြစ် သတ်မှတ် ခဲ့ပါတယ်။ အဲဒီဈေးနှုန်းများ ဟာ လယ်ယာထွက်ကုန် ကုန်ကျ စရိတ်နဲ့ဈေးနှုန်းကော်မရှင် (ဃဗဃဏ)မှ အကြံပြုခဲ့တဲ့ ဈေးနှုန်း ထက်လျော့ကျကြောင်း သိရပါတယ်။

ယခင်နှစ်က မတ်ပဲ MSP မှာ တစ်တန် ရူပီး ၃၃၀၀၀ (ကန်ဒေါ်လာ ၅၉၄)ပဲတီစိမ်းမှာ ရူပီး ၃၅၀၀၀ (ကန်ဒေါ်လာ ၆၃၀)နဲ့ ပဲစင်းငုံ ရူပီး ၃၂၀၀၀ (ကန်ဒေါ်လာ ၅၇၆)ရှိ ကြောင်း သိရပါတယ်။ ဃဗဃဏ နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ ၂၀၁၂-၁၃ အတွက် အကြံပြုခဲ့တဲ့ CACP ဈေးနှုန်းများ မှာပဲစင်းငုံ တစ်တန်ရူပီး၄၀၀၀၀ (ကန်ဒေါ်လာ ၇၂၀)နဲ့ ပဲတီစိမ်း အတွက် ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၁၀)ဖြစ်ပါတယ်။ တောင်သူများနဲ့ ပဲလုပ်ငန်းရှင်များဟာ စီးပွားရေးရာ အစိုးရ ဝန်ကြီးများကော်မတီမှ ပဲမျိုးစုံ MSP ဈေး သတ်မှတ်မှု ကို စောင့်မျှော်ခဲ့ကြပါတယ်။ ယခင်နှစ်က ပဲမျိုးစုံတန်ချိန် ၁၈ ဒသမ ၁ သန်းအထိ ထွက်ရှိဖွယ်ရှိခြင်း နဲ့ ဈေးကွက်ဈေးနှုန်း ကျဆင်းတာကြောင့် ပဲမျိုးစုံ MSP ကို ပြောင်းလဲဖို့ CACP မှ တောင်းဆို ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဝယ်လိုအား ခန့် မှန်းချက်ကြောင့်လည်း ပဲများစွာ တင်သွင်းလျက်ရှိပါတယ်။ အစောပိုင်း ဈေးမြင့်တက်မှုကြောင့် လက်လီစားသုံးသူ များကိုထိခိုက်စေခဲ့ရာဈေးကွက်အတွင်း လက်ကျန် အမြောက် အမြားကျန်ရှိနေပါတယ်။ ဒါကြောင့်ရောင်းချမှုက ဝယ်လိုအား ထက်ပိုမိုလာပြီး တစ်ဆက်တည်းမှာဈေးနှုန်းကို လျော့ကျစေခဲ့ပါ တယ်။ ဒီလိုအခြေအနေမှာ MSP  ဈေးနှုန်းမြင့်တက်မှု အကြံ ပြုခြင်းဟာ ငွေကြေးဖောင်းပွမှုကို ဖန်တီးရာ ရောက် နေပါ တယ်။ ပဲမျိုးစုံက အရေးပါတဲ့ ကုန်စည်ဖြစ်ပြီး အစိုးရရဲ့ အများ ပြည်သူဖြန့်ဝေရေးစနစ်အရလည်း လုံလောက်အောင် ဆောင် ရွက်နေရတဲ့အတွက် ဘဏ္ဍာရေးအခြေအနေ ဖိစီးမှု ရှိနေတဲ့ နိုင်ငံငွေကြေး ထိန်းချုပ်သူများအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်စေ နိုင်ပါတယ်။လာမယ့်နှစ် MSP ဈေးနှုန်းအပေါ်ဆုံးဖြတ်ဖို့လည်း ဈေးအမြင့်တစ်ခုဖန်တီးဦးမှာဖြစ်လို့ MSP ဈေးနှုန်းသတ်မှတ် မှုအတွက်သင့်တော်တဲ့ဆောင်ရွက်မှုသာလိုအပ်တယ်လို့ဆိုပါတယ်။ ဆန်နဲ့ ပဲတို့လို အစိုးရဝယ်ယူနေတဲ့ ကုန်စည်တွေ အတွက် တောင်သူတွေကိုအပိုငွေပေးရေးတင်ပြချက်အပေါ် စားနပ်ရိက္ခာ ဝန်ကြီးက အခိုင်အမာငြင်းပယ်ခဲ့ပါတယ်။ MSP က ဈေးကွက် ပေါက်ဈေးနဲ့ ဝယ်ယူမှုအတွက် အခြေခံတဲ့ ကြမ်းခင်းဈေးဖြစ်ပါ တယ်။        ယမင်းရွှေစင်၊Source: Business  standard