Main menu

Background

ရှမ်းချင်းလိုသလောက်သာ ဖော်ရောင်း

Wed, 08/29/2012 - 06:45 -- Anonymous (not verified)

အောင်ပန်းချင်း (ဥမ) ထက်နောက်ကျတဲ့ ဟိုပုံးချင်းဥမတွေလည်း ဈေးကွက်ကို ဝင်လာပါပြီ။ ဒါပေမဲ့ ဒီနှစ်က အများကြီးဝင်မလာဘဲ၊ တောင်သူတွေက ငွေလို သလောက်သာဖော်ပြီး ရောင်းကြတယ်လို့ သိရပါတယ်။ အလုပ်သမားခတွေ ဈေး ကြီးတာကြောင့် တွက်ခြေသိပ်မကိုက်လို့ မဖော်ကြတာလည်းပါတယ်လို့ ဆိုပါတယ်။ ချင်းတက်တွေပေါ်ချိန်မှသာ ဖော်ကြတော့မယ်လို့လည်း သိရပါတယ်။

အဝင် ကလည်းနည်းပြီး အရောင်းကလည်း အေးနေပါတယ်။ လက်ရှိပေါက်ဈေးက တစ် ပိဿာကို ၁၀၀ ကျပ်-၁၃၀ ကျပ်ဈေးသာရှိပါတယ်။ ချင်းစိုက အရောင်းအဝယ် အေးနေပေမဲ့ ချင်းခြောက်ကတော့ အရောင်းသွက်နေပါတယ်။ လက်ကျန် ကလည်း ရှိနေပြီး ရန်ကုန်၊ မန္တလေးဝယ်လက်တွေကလည်း ဝယ်ယူနေတာကြောင့် တစ်ပတ်ကို ပိဿာချိန် ၁၀၀၀၀ ခန့်အရောင်း အဝယ်ဖြစ်နေပါတယ်။ ဟိုပုံးချင်းခြောက် တစ်ပိဿာ ၁၄၀၀ ကျပ်-၁၄၅၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း (ဥမ) ကတစ်ပိဿာ ၁၂၀ ကျပ်-၁၃၀ ကျပ်နဲ့ ချင်းခြောက်က တစ်ပိဿာ ၁၃၀၀ ကျပ်-၁၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                     ဧဧခိုင်