အိန္ဒိယ နနွင်းလက်ငင်းဈေးကွက်တွေမှာ နိုင်ငံမြောက် ပိုင်းမှ မှာယူမှုအသစ်မရှိလို့ လက်ငင်းဈေးတစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၆) ခန့် ကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးမှာတော့ ၁ ဒသမ ၂၆ ရာခိုင်နှုန်း ပြန်တက်လာပါတယ်။ အီရော့နနွင်း ဈေးကွက်ကို သြဂုတ်လ ၁၅ရက်က နနွင်းအိတ် ၁၁၀၀၀ ဝင်ရောက်ခဲ့တဲ့အနက် ၆၀ ရာခိုင်နှုန်းရောင်းချခဲ့ကြောင်း၊ လှောင်လက်များမှာလုံလောက်တဲ့ သိုလှောင်မှုတွေရှိနေလို့ အိတ် ၃၅၀၀ ကျော်သာ ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ လှောင်လက်များမှာ ဈေးတက်လာရင် ထုတ်ရောင်းတော့မှာ ဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။
ဒါပေမဲ့ ယခုနှစ် ၂၀၁၂-၁၃ ထုတ်လုပ်မှုအပေါ် စိုးရိမ် တဲ့အတွက် ကာလတိုအတွင်း နနွင်းဈေးမြင့်တက် လာနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကနနွင်းစိုက်ပျိုးရာ ပြည် နယ်တွေမှာ စိုက်ဧကကျဆင်းတာကြောင့် ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ဆိုပါတယ်။ ၂၀၁၂ သြဂုတ်လ ၈ ရက်နေ့အထိ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မှ နနွင်းစိုက်ပျိုးမှုမှာ ဟက်တာ ၄၄၁၃၀ သာရှိလို့ ယခင်နှစ်ကာလတူစိုက်ပျိုးတဲ့ ဟက်တာ ၅၇၃၅၀ ထက် လျော့ကျ တယ်လို့သိရပါတယ်။ နနွင်းအများဆုံး ဝယ်ယူသူများနဲ့ ပြည်ပတင်ပို့သူများက တော့ လာမယ့်သီတင်းပတ်မှာ အမှာအော်ဒါ အသစ်များ ရရှိမယ်လို့မျှော်လင့်နေကြပါတယ်။ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၈၉၆၀-၆၁၉၄၀ (ကန်ဒေါ်လာ ၆၉၉ - ၁၁၁၁) ရှိပြီး နနွင်းဥဈေးက ရူပီး ၃၇၀၉၀-၅၉၈၉၀ (ကန်ဒေါ်လာ ၆၆၅ - ၁၀၇၅) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: Businessline