Main menu

Background

ရေရှည်လုံလောက်တဲ့ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံ

Wed, 08/29/2012 - 10:33 -- Anonymous (not verified)

၂၀၁၁ ခုနှစ်ရောက်တော့ တရုတ်နိုင်ငံရှိ မြို့ပြ တွေမှာ နေထိုင်သူဦးရေ ဟာ ၆၉၀ ဒသမ ၇၉ သန်း၊ ကျေးလက်တောရွာတွေမှာ နေထိုင်သူဦးရေ ဟာ ၆၅၆ ဒသမ ၅၆ သန်း ရှိလာပါတယ်။ ဒါဟာ အနှစ် ၃၀ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြီး ရဲ့ တွန်းအားကြောင့် တောင်သူလယ်သမားတွေ ဟာ မိမိတို့ရဲ့လူနေမှု အဆင့်အတန်း တိုးတက်မြင့် မားလာရေးအတွက် မြို့ပြတွေကို အများအပြား တက်လာတာကြောင့် မြို့ပြလူဦးရေ ဟာ ကျေး လက်တောရွာ လူဦးရေထက် ပထမဆုံးအကြိမ် ကျော်လွန်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။

တရုတ် နိုင်ငံ အမျိုးသားစာရင်းအင်းဌာန (NBS)ရဲ့ ထုတ် ပြန်ချက်အရ ကျေးလက်တောရွာတွေမှာ နေထိုင် ကြသူဦးရေဟာ ၁၉၇၆  ခုနှစ်တုန်းက စုစုပေါင်း လူဦးရေရဲ့ ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ၂၀၁၁ ခုနှစ် မှာ ၄၈ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိတော့တယ် လို့သိရပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတစ်ခု အရလည်း လာမယ့် အနှစ် ၂၀ အတွင်း တရုတ် နိုင်ငံရဲ့ မြို့ပြတွေမှာ လူဦးရေသန်း ၃၅၀ ပိုမိုတိုးပွား လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုမြို့ပြ လူဦးရေတွေ တိုးပွားများပြားလာတဲ့အတွက် ယခု အခါ တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ မော်တော်ယာဉ်ကြော ပိတ်ဆို့မှု တွေ၊ လျှပ်စစ်ဓာတ်အားသုံးစွဲတာ မြင့်မားလာမှု တွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ် မှု များပြားလာမှုတွေနဲ့ ဖိအားအမျိုးမျိုးတွေပါ ကြုံတွေ့လာနေရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကာလ ပါဝင်တဲ့ (၁၂)ကြိမ်မြောက် ၅ နှစ်စီမံကိန်းအတွင်း စွမ်းအင်ချွေတာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းတွေမှာ ယွမ်ငွေ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၉၅ ဒသမ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။ ဒုတိယဝန်ကြီးချုပ် လီခယ်ချန်ရဲ့ အဆိုအရ လက်ရှိ တရုတ်နိုင်ငံရဲ့  မြို့ကြီးတွေမှာရှိတဲ့ အဆောက်အအုံ ၇၅  ရာခိုင်နှုန်းကျော်ဟာ စွမ်း အင်သုံးစွဲရာမှာ ထိထိရောက်ရောက်မရှိတဲ့အတွက် ခေတ်မီနည်းပညာတွေ နဲ့ ပြောင်းလဲအသုံးပြုဖို့ လို အပ်နေတယ်လို့ သိရပါတယ်။ ဒီလိုတရုတ်နိုင်ငံရဲ့ မြို့ပြတွေမှာ ရေရှည်လုံလောက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ရန် လိုအပ်ချက်ကြီးကို ဖြည့်ဆည်းပေးဖို့ ကမ္ဘာ့ကုမ္ပဏီကြီးတွေက အဆိုပြု လာနေကြတာကို တွေ့ရပါတယ်။ IT စက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ IBM ကုမ္ပဏီကြီးဟာ ပိုမိုစမတ်ကျတဲ့ မြို့တော်များ စိန်ခေါ်မှု စီမံချက် (Smarter Cities Challenge Project)  ကို တင်ပြလာပါတယ်။ IBM  အနေနဲ့ ကမ္ဘာအနှံ့ရှိ မြို့ကြီးပေါင်း ၃၀ မှာ မိမိရဲ့စီမံချက် နမူနာပုံစံတွေ  တည်ဆောက်ပြီး ပြသခဲ့ပါတယ်။ Caterpillar Foundation  ကလည်းလာမယ့် ၅ နှစ်အတွင်း တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေ ရဲ့ မြို့ကြီးတွေမှာ ရေရှည်လုံလောက်တဲ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အကူ အညီ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းပေး မယ်လို့ ကြေညာခဲ့ပါတယ်။ Siemens  ကုမ္ပဏီကြီး ကလည်း မြို့ပြတွေရဲ့ အခြေခံအဆောက်အအုံ တွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒတွေနဲ့ အညီ ဖွံ့ဖြိုးတိုးတက်လာအောင် လက်တွေ့ အစီ အစဉ်တွေကို ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းလာ ပါတယ်။ ယခုအခါ Siemens   ကုမ္ပဏီဟာ တရုတ် နိုင်ငံရဲ့ မြို့ကြီးအချို့နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်လာတာ တွေ့ရပါတယ်။၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ Siemens   ကုမ္ပဏီနဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေ့ပြည်နယ် ရဲ့မြို့တော်ဝူဟန်ရဲ့ မြူနီစပယ်အစိုးရတို့ဟာ သယံ ဇာတ  အရင်းအမြစ်တွေ  ချွေတာထုတ်ယူရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရေးတွေကို အခြေခံပြီး ဘက်စုံပြောင်းလဲရေးလုပ်ငန်းတွေ ပူး ပေါင်းလုပ်ကိုင်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ပထမအဆင့်မှာ စမ်းသပ်စီမံကိန်းတွေ လုပ်ဆောင်ရင်း မြို့တော်ရဲ့ အခြေခံအဆောက် အအုံကို အဆင့်မြှင့်လုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။ Siemens  ကုမ္ပဏီဟာ ကွမ်တုံပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော် မရှင်နဲ့လည်း ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်း အင်နဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ လုပ်ငန်းတွေ မှာ  ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါ တယ်။ ဒါ့အပြင် ယခု ၂၀၁၂ ခုနှစ်အတွင်းမှာ ပေကျင်းမြို့တော် မြူနီစပယ်အစိုးရနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မော်တော်ယာဉ်လုပ်ငန်း စွမ်းအင် ချွေတာသက်သာစေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့  ထုတ်လွှတ်မှု လျှော့ချရေးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ကာ ကွယ်ထိန်းသိမ်းရေးလုပ်ငန်း၊ ငွေကြေး ဝန်ဆောင် မှုလုပ်ငန်းနဲ့ လူသားစွမ်းရည်မြှင့်တင်ရေးလုပ်ငန်း တွေမှာ  ပူးပေါင်းဆောင်ရွက်သွားဖို့  နားလည် မှုစာချွန်တော် လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပါ တယ်။ ဒါကြောင့်  Siemens ကုမ္ပဏီကြီးဟာ တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ရေရှည်လုံလောက် တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက်တွေ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေအတွက် အဓိကအခန်းကဏ္ဍက ပါဝင်လာနေတာ  တွေ့ရ ကြောင်းပါခင်ဗျား။Ref:''A New Green Plan''(bjreview.com)