Main menu

Background

မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ၊ ပဲပုပ်စေ့နဲ့ ပဲနီကြားများအပို့ပို

Fri, 08/31/2012 - 06:10 -- Anonymous (not verified)

သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ပဲလွန်းဖြူ၊ ပဲပုပ်စေ့နဲ့ ပဲနီကြားများ ယခင်အပတ်ကထက် ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ တန် ၁၁၀ ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၉၃ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၁၃၆ တန်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ပဲနီကြား ၇၃ တန်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၆၇ တန်၊ ပဲပုပ်စေ့ တန် ၉၀ နဲ့ပဲနီကြား တန် ၆၀ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ယခုအပတ်မှာ ပဲလွန်းဖြူကို မြဝတီနယ်စပ်မှလည်းအပို့ရှိခဲ့ပါတယ်။ကန် ဒေါ်လာ သုည ဒသမ ၀၁၀သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၁၄ တန်ခွဲတင်ပို့ခဲ့တာဖြစ်ပါ တယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ရပါတယ် - မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု        ယခင်     ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    % ၆၃၉၃၉၂    ၆၃၈၅၂၉     ၈၆၃         ၀ .၁    ၇၄၄    ၇၄၃             ၁        ၀ .၁MIRT (DOBT)