Main menu

Background

ရာသီဥတုကြောင့် ဈေးကွက်ကို အောင်ပန်းချင်းအဝင်နည်း

Fri, 08/31/2012 - 06:32 -- Anonymous (not verified)

မိုးအဆက်မပြတ်ရွာနေတာကြောင့် အောင်ပန်းမှာ ဖော်ပြီးတဲ့ချင်း(ဥမ) တွေ လည်း ပုပ်တာများတယ်လို့ သိရပါတယ်။ ဈေးကွက်မှာလည်း အဝင်နည်းနေ၊ ရှိတဲ့ ချင်းတွေမှာလည်း ဖြန့်ထားတာမရှိတဲ့ ချင်းတွေက ပုပ်ကုန်တာ ကြောင့် ဝယ်လက် တွေရှိရင် အပုတ်တွေပြန်ရွေးရတာကြောင့် အလုပ်တစ်ခုပိုနေတယ်လို့ ပွဲရုံတွေက ဆိုပါတယ်။ ချင်းတက်တွေကတော့ ကုန်သလောက်ဖြစ်သွားတာကြောင့် အဝင် လည်း မရှိတော့ပါဘူး။

ဥမတွေကသာ ပုံမှန် အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ)ဈေးက မြေဖြူချင်းသိပ်မလှရင် ၁၅၀ ကျပ် - ၁၆၀ ကျပ် ဈေးရှိပြီး၊ မြေနီအလှဆိုရင် ၁၇၀ ကျပ် - ၁၈၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကလည်း လက်ကျန်နည်းနေ ပါပြီ၊ လက်ကြီးသမားတွေဆီမှာသာ ကျန်တော့တာ ကြောင့် အဝင်ကလည်း နည်းနည်းချင်းသာဝင်နေလို့ လက်လီလိုက်ကောက်နေရပြီး၊ တစ်ပိဿာကို ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ်ဈေးနဲ့ကောက်တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက အဓိကဝယ်နေပြီး တစ်ပိဿာကို ၁၄၀၀ ကျပ် - ၁၄၅၀ ကျပ်ဈေးရှိတယ်လို့လည်း သိရပါတယ်။ ဟိုပုံးမှာတော့ ချင်း(ဥမ)က တစ်ပိဿာ ၁၇၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိပါတယ်။                     ဧဧခိုင်