Main menu

Background

ရော်ဘာဈေးနှုန်းများ ကျဆင်းသဖြင့် ရော်ဘာစိုက်ပျိုးသူများ နစ်နာဆုံးရှုံးမှုများနေ

Fri, 08/31/2012 - 08:41 -- Anonymous (not verified)

အီးယူဒေသကြွေးမြီ အကျပ်အတည်းကို ထိန်းချုပ်နိုင်မယ့် အလားအလာမရှိသေးခြင်း ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနေခြင်းနဲ့ ကမ္ဘာ့ရော်ဘာဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ကမ္ဘာ့ရော် ဘာ ဈေးနှုန်းတွေက သုံးနှစ် နီးပါးအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိလာတယ်။ သြဂုတ် ၁၃ ရက်က တိုကျို ကုန်စည်ေ ရာင်းဝယ်ရေးမှာ ရောင်းရ အသွက်ဆုံး ဇန်နဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၂၁၃ ဒသမ ၉ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၂၇၄၂ ဝန်းကျင်) ဖြစ်ခဲ့ရာ ၂၀၀၉ ခုနှစ်အောက်တိုဘာလ နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်လာတယ်။ ရေနံစိမ်းဈေးမြင့်မားသော်လည်း ရော်ဘာ ဈေးနှုန်းကျဆင်းလျက်ရှိပြီးဝယ်ယူသူတွေကလည်းရော်ဘာဈေးဆက်လက်ကျဆင်းမလားဆိုတာကိုသာစောင့်ကြည့်နေကြတယ်။ ဝယ်လိုအားမရှိတာကြောင့် ထိုင်းနဲ့ မလေးရှား ရော်ဘာဈေးနှုန်းတွေလည်း ကျဆင်းလာတယ်။ သြဂုတ် ၈ ရက်က တစ်တန်ကို ၂၈၉၃ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ထိုင်းမှိုင်းခံ ရော်ဘာ အဆင့် ၅ Rubber Smoked Sheet - RSS 5) က သြဂုတ် ၁၄ ရက်မှာ ၂၇၆၃ ဒေါ်လာသာ ရှိခဲ့တာကြောင့် ၁၃၀ ဒသမ ၅၀ ဒေါ်လာဈေး ကျလာတယ်။ ၎င်းကာလအတွင်း မလေးရှားရော်ဘာ SMR – 20 (Standard Malaysia Rubber) ကလည်း ၂၇၄၈ ဒသမ ၅၀ ဒေါ်လာမှ ၂၄၆၂ ဒေါ်လာအထိ ကျဆင်းခဲ့တာကြောင့် ၂၈၆ ဒသမ ၅၀ ဒေါ်လာ ဈေးကျလာ တယ်။ ရော်ဘာဈေးနှုန်းတွေကျဆင်းခြင်း ကြောင့် ရော်ဘာစိုက်ပျိုးသူတွေ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းမှ ရော်ဘာစိုက်ပျိုးသူတွေ အနေနဲ့ ကန်ဒေါ်လာ တစ်ဘီလီယံ ဆုံးရှုံးနစ်နာလျက် ရှိကြောင်း သိရတယ်။             Source:bangkokpost.com, brecorder.com, rubberboard.org.in, ပပ