Main menu

Background

ပခုက္ကူကုန်စည် ရက်သတ္တပတ် အရောင်းအဝယ်သတင်း

Mon, 09/03/2012 - 06:31 -- Anonymous (not verified)

သြဂုတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့တာတွေက ပဲစင်းငုံနီနှမ်းဝါ၊ နှမ်းညို၊ ပဲတီစိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ပဲယင်း (မြစ်ခြေ) တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီနေ့စဉ်အိတ် ၃၀၀ မှ ၁၄၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ဝယ်လက်နဲ့ဒေသခံပွဲစားတွေ နဲ့ လှောင်လက်တွေ ဝယ်ယူကြပြီး၊ ရန်ကုန် အပို့မရှိတာကိုတွေ့ရပါတယ်။ ဈေးနှုန်းမှာ ၂၁၃၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်ကြား အရောင်းအဝယ်ဖြစ်ပါတယ်။

နှမ်းဝါညို နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်တဲ့မြို့တွေမှာလည်း  အိတ် ၁၀၀ ဝန်းကျင် ပဲဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ နှမ်းဝါ ၂၇၇၀၀ ကျပ်၊ နှမ်းညို ၂၇၅၀၀ ကျပ်နှုန်းနဲ့ အိတ် ၁၀၀၀ ကျော် ရန်ကုန်အပို့ရှိတာ ကိုတွေ့ရပါတယ်။ ပဲတီစိမ်းသေးတစ်ရက်ပဲ အရောင်းအဝယ်ဖြစ်ပြီး တစ်တင်း ၂၁၈၀၀ ကျပ်နဲ့ အိတ် ၅၀၀ ခန့် ရန်ကုန်အပို့ရှိပါတယ်။ ကုလားပဲဝါဒိုင်မှာ အိတ် ၁၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ တစ်တင်း ၂၁၈၀၀ ကျပ်မှ ၂၂၁၀၀ ကျပ်နဲ့ လှောင်လက်များ ဝယ်ယူနေတာတွေ့ရပါတယ်။ ကုလားပဲဖြူကြီးတစ်တင်း ၂၁၈၀၀ ကျပ်မှ ၂၂၁၀၀ ကျပ်ဖြင့် အိတ် ၁၀၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး၊ သူလည်းဘဲ ပခုက္ကူနယ်၊ မြစ်ခြေကထွက် တဲ့လှောင်လက်များသာဖြစ်ပါတယ်။ ပခုက္ကူနယ်မြေကထွက်တဲ့ ပဲယင်းကတော့ တစ်တင်း ၁၀၁၀၀ ကျပ်မှ ၁၀၄၀၀ ကျပ်ဈေးနဲ့ အိတ် ၁၀၀ ပတ်လည်အရောင်း အဝယ်ဖြစ်ပါတယ်။ ကြာဇံစက်ဝယ်လက်များဆွဲတယ်လို့သိရပါတယ်။ သီးနှံအနေအထားအရ မိုးခေါင်ခဲ့လို့ သီးနှံတွေပျက်ခဲ့တယ်ဆိုပေမဲ့ ထွက်သင့်သလောက်ထွက်ခဲ့လို့ သီးနှံမျိုးစုံ အရောင်း အဝယ်ဖြစ်တာလို့ သုံးသပ်ရပါတယ်။                                                                  မြင့်ဦး