Main menu

Background

မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ပဲဈေးကွက်

Mon, 09/03/2012 - 06:32 -- Anonymous (not verified)

သြဂုတ်လ လကုန်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် မှာ ကုလားပဲဈေးဆက်လက်မာနေကာ ရန်ကုန်အဝယ် မရှိပေမဲ့ ဒေသတွင်း လုပ်ငန်းသုံးသမားတွေ အဝယ်ရှိလို့ နေ့စဉ် အရောင်း အဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလထဲမှာ ပဲတစ်မျိုးခြင်း အလိုက်ဖြစ်ပေါ်ခဲ့တဲ့ အရောင်း အဝယ်နဲ့ပေါက် ဈေးတွေကိုလေ့လာတဲ့အခါ V2 ဟာ ဒီတစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ဒီလထဲမှာ တစ်တင်းအနိမ့် ဆုံး ၂၁၈၀၀ ကျပ်ကနေ အမြင့်ဆုံး ၂၂၈၀၀ ကျပ်ထိပေါက်ခဲ့ ပါတယ်။

ဒီတစ်ပတ်မှာ ဒေသ လုပ်ငန်းသုံးအဝယ် တစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ကြားဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲ ကတော့ ဒီတစ်ပတ်မှာ တစ်တင်း ၂၁၈၀၀ကျပ်မှ ၂၂၂၀၀ ကျပ် ဈေးပေါက်ခဲ့ပြီး ဒီလထဲမှာ တစ်တင်းအနိမ့်ဆုံး ၂၁၆၀၀ ကျပ်မှ ၂၂၆၀၀ ကျပ်ကြား ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ 929  ကုလားပဲလည်း ဒီတစ်ပတ်မှာ တစ်တင်း ၂၂၂၀၀ ကျပ်မှ ၂၂၄၀၀ ကျပ် ကြားဈေးပေါက်ခဲ့ပြီး ဒီလထဲမှ တစ်တင်း အနိမ့်ဆုံး ၂၁၆၀၀ ကျပ်မှ ၂၂၈၀၀ ကျပ်ထိ ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။ ဒီရက်ပတ်ထဲမှာ ထိုင်ဝမ်နဲ့ 929 ကုလားပဲ တစ်ရက် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ် ပဲစင်းငုံနီဈေးကွက်မှာတော့ ရန်ကုန်ဝယ် လက်ရှိပေမဲ့ တစ်ရက်ထက်တစ်ရက် ကျဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ် ငုံနီပေါက်ဈေးကတော့ တစ်တင်း ၂၁၇၀၀ ကျပ်၊၂၁၈၀၀ ကျပ်ကနေ၂၁၂၀၀ ကျပ်ထိ ကျဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလဈေးကွက်မှာ တစ်တင်းအနိမ့်ဆုံး ၂၁၅၀၀ ကျပ်က အမြင့်ဆုံး ၂၂၄၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ဒီတစ်ပတ်ထဲမှာ တစ်ရက် အိတ် ၅၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်ကသိရပါ တယ်။ လကုန်ပိုင်းရက်တွေမှာ ရန်ကုန်ဝယ်လက်အေးသွား လို့ ဈေးလည်းကျခဲ့တဲ့အပြင်၊ ဒေသခံကုန်သည်အချင်းချင်း သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ဒီတစ်ပတ် မုံရွာကနေ ရန်ကုန်ကို ငုံနီစီးဆင်းမှုကျ ဆင်းခဲ့ကာ ရေကြောင်းလမ်းကနေ အိတ် ၂၃၀၀ ခန့်သာရှိ တယ်လို့ ပို့ဆောင်ရေး ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းကြီးဈေးကွက်မှာ  လက်ကျန်မရှိ သလောက်နည်းနေပြီး၊ ရန်ကုန် ဝယ်လက် အချို့ ပစ္စည်း အရည်အသွေးပေါ်မူတည်ကာ ဈေးဖွင့်ဝယ်ယူမှုသာရှိ ခဲ့လို့ တစ်တင်း ၂၀၅၀၀ ကျပ်ကနေ ၁၉၀၀၀ ကျပ်ထိ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာပဲကြီးဈေးကွက် အနေအထားကတော့ မနှစ်က ပစ္စည်း အဝင်နည်းခဲ့ခြင်း၊ ဈေးနိမ့်ခဲ့ခြင်းကြောင့် ပဲကြီးလိုင်း သမားတွေ ဒီနှစ်မှာ ပဲစုဆောင်းထားခဲ့ရာ အတော်အသင့် အကျိုးဖြစ်ထွန်းစေခဲ့ကြပါတယ်။ ဒီတစ်ပတ်အတွင်း နယ် အဝယ် အနည်းငယ်ရှိခဲ့လို့ နေ့စဉ်တက်ဈေးဖြစ်ပေါ်ခဲ့ရာ တစ်တင်း အနိမ့်ဆုံး ၂၆၅၀၀ ကျပ်ကနေ ၂၈၅၀၀ ကျပ်သို့ တစ်ရိပ်ရိပ် တက်ခဲ့တာတွေ့ရပါတယ်။ ပဲသစ်ပေါ်ဖို့ကာလလို သေးတာမို့ ဒေသတွင်း လုပ်ငန်းသမားတွေ ကုန်ကြမ်းအဖြစ် မဝယ်မဖြစ်ဝယ်နေရတဲ့အတွက် ပဲကြီးဈေးဟာ ဆက်လက် တက်ဖွယ်ရှိတယ်လို့ ကုန်သည်တွေရဲ့ ခန့်မှန်းချက်ကို ကြား သိရပါတယ်။                               ထွန်းလှိုင်