Main menu

Background

ပဲတီစိမ်းလုံးပြည့်ရော လုံးခြမ်းပါ မူဆယ်မှ အပို့ရှိ

Mon, 09/03/2012 - 06:35 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှသြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၃၅၀ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့်နဲ့လုံးခြမ်း ၄၁၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ယခင်အပတ် ကထက် ပဲတီစိမ်းလုံးပြည့်တန် ၆၀ ကျော်နဲ့ပဲတီစိမ်းခွဲခြမ်းတန် ၁၀၀ ကျော် တင် ပို့မှု လျော့ခဲ့ပါတယ်။

သြဂုတ်လမှာနယ်စပ်မှ ပဲတီစိမ်းလုံးပြည့် ၂၆၁၇ တန်ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း ၄၅၉ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင် လုံးပြည့် ၅၁၀၆ တန်အပို့လျော့ခဲ့သော်လည်း ခွဲခြမ်း ၃၁၆ တန်ကျော် တင်ပို့မှုပိုမိုခဲ့တာ ဖြစ်ပြီး ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် လုံးပြည့် ၁၄၅၇၈ တန်တင်ပို့မှု လျော့ခဲ့ပြီး လုံးခြမ်း ၄၃၀ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ် မြေပြင် ပေါက်ဈေးများနဲ့ နှိုင်းယှဉ်မယ်ဆိုလျှင် မိမိဘက်မြေပြင်ဈေး အနည်းငယ်ကျလျက် ရှိပြီး တစ်ဖက်နိုင်ငံဈေးနှုန်း ကတော့ ပြောင်းလဲမှုမ ရှိကြောင်း တွေ့ရှိ ရပါတယ် - မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု        ယခင်     ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    % ၆၉၀၁၈၂    ၆၉၃၄၄၆       ၃၂၆၄      ၀ .၅    ၈၀၇     ၈၀၇                -        - MIRT (DOBT)