ရာသီဥတုကြောင့် ဒီတစ်ပတ်မှာလည်း ချင်းကအဝင်နည်းနေပါသေးတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၂၀၀၀ - ၃၀၀၀ ခန့်သာအဝင်ရှိနေတယ်လို့ သိရပါ တယ်။ ချင်းတက်က လက်ကျန်မရှိတော့ပေမယ့် ချင်း(ဥမ) ကတော့ လက်ကျန် အတော်များများကျန်နေပါသေးတယ်။
မိုးကလည်းအဆက်မပြတ်ရွာနေတာကြောင့် အရောင်း အဝယ်က လည်း ခပ်အေးအေးသာဖြစ်နေပါတယ်။ မန္တလေး၊ မုံရွာက ချင်းထိုးသမားတွေကလည်း အနည်းအကျဉ်း လောက်သာ ဝယ်နေတာကြောင့် တစ်ပတ်ကို ပိဿာချိန် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်နေတယ် လို့လည်း သိရပါ တယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)က တစ်ပိဿာ ၁၅၀ ကျပ် - ၁၆၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ခပ်အေးအေးသာအရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ မိုးကြောင့် ဝယ်လက်တွေက လည်း နည်းနည်းငြိမ် နေတယ်လို့ ဆိုပါတယ်။ လက်ကျန်ကလည်း သိပ်မကျန်တော့ပဲ အောင်ပန်းမှာ တန် ၅ ထောင်ခန့်သာကျန်တော့တယ်လို့လည်း သိရပါတယ်။ တစ်ပိဿာ ပေါက်ဈေးက ၁၃၀၀ ကျပ် - ၁၄၀၀ ကျပ်ရှိပြီး၊ ဟိုပုံးမှာလည်း ၁၄၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ဧဧခိုင်