Main menu

Background

ရေကြောင်းလမ်းမှ စင်ကာပူနိုင်ငံကို မန်ကျည်းတင်ပို့

Mon, 09/03/2012 - 06:40 -- Anonymous (not verified)

ဒီတစ်ပတ်မှာတော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၁၄၄ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မန်ကျည်းနဲ့ မန်ကျည်း(အစေ့လွတ်) ဆိုပြီး နှစ်မျိုးတင်ပို့ခဲ့ပါတယ်။ မန်ကျည်းက FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ရရှိခဲ့ပြီးတော့ မန်ကျည်း(အစေ့လွတ်)ကFOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ ဝန်းကျင်ထိ ရရှိခဲ့ပါတယ်။ ယခင်တစ်ပတ် မန်ကျည်းတင်ပို့မှုက တန်တစ်ရာ့နှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတော့ ယခင်တစ်ပတ် တင်ပို့မှုတန်ချိန်ထက် တန်နှစ် ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                           MIRT (DOT)