Main menu

Background

ပရဆေးကုန်ကြမ်း မူဆယ်မှ တင်ပို့မှု ပိုမို

Mon, 09/03/2012 - 06:48 -- Anonymous (not verified)

သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃၁၀၈ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၉၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်ကအပို့မရှိတဲ့ အုံတုံ ခေါက်၊ ရွေးရွက်၊ ဖန်ခါးသီးခြောက်တို့ ယခုအပတ်မှ အပို့ရှိခြင်း အပြင် ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ ကြောင်လျာစေ့၊ နေလဲ စေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ တောဂျူးမြစ်၊ ဆီးသီး ခြောက်၊ နနွင်းတက်၊ မိကျောင်းကွမ်းဖတ်စေ့၊ တောဂျင်း၊ ဂုံညှင်းလုံး၊ ကြောင်ပန်းစေ့နဲ့ တောင်လုံးကျော်တို့ ယခင်အပတ် ကထက် အပို့ပိုမိုခဲ့လို့ဖြစ်ပါတယ်။ တမူးနယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ တောင်လုံး ကျော် ၁ ဒသမ ၇ တန်နဲ့ဇာတိပ္ဖိုလ်သီးသုညဒသမ ၂၅ တန် ယခု အပတ်မှာ အသွင်းရှိခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ မူဆယ်မှ ပရဆေး ၁၀၇၅၇ တန်ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လနဲ့နှိုင်းယှဉ်ကြည့်လျှင် ၂၈၃၃ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။               MIRT(DOBT)