Main menu

Background

တောင်ကြီးမှာ ပြောင်းသစ်အရောင်းအဝယ်ပါးပြီး လက်ကျန်ပြောင်းသာ အရောင်းအဝယ်များလာ

Mon, 09/03/2012 - 07:29 -- Anonymous (not verified)

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဈေးကွက်ထဲ ဝင်လာတဲ့ ရေသွင်းပြောင်းသစ်တွေက အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိခဲ့ပြီး အသစ်နဲ့ စာရင် လက်ကျန်ပြောင်းအဟောင်းကိုသာ အဆွဲများခဲ့တယ်လို့ သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ရေသွင်းပြောင်းသစ်တစ်ပိဿာ ၄၅၀ ကျပ်ဈေးနဲ့ ပိဿာချိန်အနည်းငယ်ခန့်ဖြစ်ခဲ့သလို လက်ကျန် ပြောင်း(ဟောင်း) တစ်ပိဿာ ၅၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။