Main menu

Background

မြန်မာ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 09/03/2012 - 07:43 -- Anonymous (not verified)

မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ညှိနှိုင်း အစည်းအဝေး ကိုသြဂုတ်လ ၃၁ ရက် မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လယ် ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထာင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဆန်စပါးနှင့် သက်ဆိုင်သော အသင်းအဖွဲ့များ၊ ဆန် စပါးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဆွေးနွေး ပြော ကြားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက် ရရှိပြီး ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုး သန့် မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးသွား ကြစေရန်နှင့် ခေတ်မီသိပ္ပံ နည်းကျ စိုက် ပျိုး ရေးစနစ်များဖြင့် တောင်သူ လယ် သမားများ စိုက်ပျိုးလာကြစေရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိ ကြောင်း၊ လုပ်ငန်းရှင်များ၊ အထူးပြု ကုမ္ပဏီများအနေဖြင့်လည်း တောင်သူ လယ်သမားများ၏ လိုအပ်ချက်အရင်း အနှီးအပါအဝင်မျိုးစေ့၊ သွင်းအားစု၊ မည်သို့ ကူညီ ရိုင်းပင်းရမည်ကို တွက်ဆ ပြီး ကူညီဆောင်ရွက်ပေးကြရန် တိုက် တွန်းလိုကြောင်း၊ အထွက်နှုန်း တစ်ဆ မှ နှစ်ဆ ပိုမိုထွက်ရှိသည့် အထွက် ကောင်း မျိုးစပါးများ၊ ဘာစမာတီကဲ့သို့ နိုင်ငံခြား ဈေးကွက်တွင် အကောင်းဆုံး ဈေးနှုန်းရရှိသည့်မျိုးကို လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးပညာရှင်များ ကိုယ်တိုင်မှ ထုတ်လုပ်ပေးလျက်ရှိပြီး တောင်သူ လယ်သမားများသို့ ဖြန့်ဖြူးပေးရန် အဆင်သင့်ရှိကြောင်း၊ ခေတ်မီဆန် စက် ကောင်းဖြင့်ကြိတ်ခွဲခြင်းအားဖြင့်  ယခင် က စပါးတင်း ၁၀၀ လျှင် ဆန်အထွက် နှုန်း တင်း၄၀ အောက်သာ လျှင် (အောက်တန်း) ရှိရာနေရာမှ အနည်း ဆုံး ၁၀ ရာခိုင်နှုန်းနှင့်အထက် အရည် အသွေးကောင်း ဆန်ပိုမိုထွက်ရှိလာ မည်ဖြစ်သည့်အတွက် အရေအတွက် သာမက ဈေးနှုန်းကောင်းပါ ပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊ ထိုမျှသာမက ထွက်ရှိ လာမည့် အကျိုး အကြေဘေးထွက် ပစ္စည်းများကို ဆန်ကြာဆံ၊ ဆန်ခေါက် ဆွဲများ ထုတ်လုပ်နိုင်ခြင်း၊ ဖွဲနုအား ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်နိုင် ခြင်း၊ စပါးခွံအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ခြင်းစသည့် By Product  များကို စပါးအခြေခံ တန်ဖိုးမြှင့် ထုတ် ကုန်(Paddy Based Industry) များ ဖြင့် ထုတ်လုပ် ရောင်းချနိုင်ခြင်းအားဖြင့် ဝင်ငွေအကျိုးအမြတ်များစွာ ရရှိစေမည် ဖြစ်ကြောင်း၊ အရည်အသွေးမကောင်း သော ဆန်တန်ချိန် ၁၀၀၀ ကိုတစ်တန် လျှင် ဒေါ်လာ ၃၀၀ ကျော်နှင့် ၄၀၀ အောက်မျှဖြင့် အဆင့်ဆင့် တင်ပို့ ရောင်းချပါက သယ်ယူပို့ဆောင်စရိတ် ပိုမိုကုန်ကျခြင်းအပါအဝင်အရည် အသွေး နိမ့်ကျခြင်းနှင့် ဈေးနှိမ်ခံရခြင်း၊ ဈေးကွက်မခိုင်မာခြင်း အကျိုးဆက် များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းဆန်ကို ဈေး နှုန်း ကောင်းကောင်းဖြင့်တင်ပို့ ရောင်းချ ပါက တင်ပို့မှု ပမာဏ လျော့နည်းသော် လည်း၊ သယ်ယူပို့ဆောင်စရိတ်လျော့ နည်းသည့်အပြင် လက်ငင်းဝင်ငွေများ လည်း ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ရေရှည်တွင်  မြန်မာ့ဆန်ဈေးကွက် ကမ္ဘာတွင်  ပြန် လည် နေရာရရှိလာ မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ စပါး စိုက် ပြီးဆင်းရဲနေရသည့် ဘဝမှ လွတ်ကင်း အောင် မိမိတို့ အားလုံးတွင် တာဝန်ရှိ ကြောင်း၊ ၂၀၁၅ ခုနှစ်ကို မျှော်မှန်း၍ အစွမ်းကုန်နိုင်ငံ၏ ဆန်စပါးသီးနှံကဏ္ဍ ခိုင်မာလာအောင် တောင်သူလယ် သမားများ ဆန်စပါးစိုက်ပြီး လယ်ယာ လုပ်ငန်းခွင်တွင် ပျော်မွေ့နေစေရန် မိမိတို့  လက်တွေ့ပြင်ဆင် ပြုပြင် အကောင်အထည်ဖော်နေသော လုပ် ငန်းများကို အစွမ်းကုန် ညီညွှတ်စွာ ပူးပေါင်းရိုင်းပင်း လုပ်ဆောင်ကြရန် အရေးကြီးကာလ ဖြစ်ကြောင်း၊ စိုက် ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံ တွင် တောင်သူလယ်သမားများ စပါး စိုက်လို စိတ်ကျဆင်းပြီး မြို့ပေါ်တက် ရရာ အလုပ်များ ရှာဖွေနေကြခြင်း၊ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမား (Migrate Worker) အဖြစ် ယခုထက် ပိုမိုပြောင်းရွှေ့ ရောက်ရှိသွားနိုင်သကဲ့သို့ မိမိတို့ သားစဉ်မြေးဆက် ကာလတွင် စားရေးရိက္ခာ မဖူလုံမှု ကြုံတွေ့ရနိုင် ကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားရာ၌ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လမ်းကြောင်းတစ်လျှောက် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းပူးပေါင်းဖြေရှင်းပေးလျက်ရှိကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များက ပြည်သူများ၏ လိုလားချက်များကို လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို ပြောင်းလဲပေးရန် လိုအပ် ကြောင်း၊ လယ်ယာမြေကို လယ်သမားများ မက်မက်မောမော လုပ် ကိုင်ချင်စိတ်ရှိအောင် ထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရပြီး အကျိုးအမြတ်ရှိရန်လိုကြောင်း၊ ဆန်စက်များ တည်ဆောက်ရာတွင် စပါးထွက်ရှိမှု၊ သယ်ယူပို့ဆောင်ရေးလွယ်ကူမှု စသည့် အချက်များကို ထည့်သွင်းတွက်ချ က်ပြီး တည်ဆောက်မှသာ ရေရှည် အကျိုးရှိမည် ဖြစ်ကြောင်း၊ ဆန်အပါအဝင် သီးနှံများတင်ပို့မှုနှင့် ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကောက်ခံနေခြင်း အစား ယခု အခါမှာ ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ထို့ပြင် လယ်ယာ သွင်း အားစုများဖြစ်သည့် မြေသြဇာနှင့် ပိုးသတ်ဆေး၊ လယ်ယာသုံး ကိရိယာများတင်သွင်းမှု အပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ဆန်ပြည်ပတင်ပို့ခွင့်ကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေမည်ဖြစ်ကြောင်း၊ အောက်တိုဘာလမှစ၍ ထွက်ရှိသော မိုးစပါးများ အရန်ဆန်ဝယ်ယူခြင်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လယ်သမားများဝင်ငွေတိုးစေရန်အတွက် နည်း လမ်းများရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း အထွက်တိုးအောင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပ သို့ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများနှင့် ပတ် သက်၍ ပြည်ပဈေး ကွက် ပုံမှန်ရှိစေရန် ခွင့်ပြုပေးနေမည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ရှိပါက လည်း ပြည်တွင်း စားသုံးမှု မထိခိုက် စေရန် ပြည်ပမှ တင်သွင်းခွင့်ပြုပေးခြင်းဖြင့် ထိန်းညှိပေးသွား မည် ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍနှင့် ပတ်သက်၍ Supply Chain  တစ်ခုလုံးတိုးတက်အောင် ဝယ်ယူရောင်းချကြိတ်ခွဲရန်ရှိသည်များ ကို ဈေးကွက်သဘောအတိုင်းလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းမှ  နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးရာသီ၌ မိုးစပါးဧက ၁၆ ဒသမ ၂၆သန်းကျော် စိုက်ပျိုး၍ တစ်ဧကမျှော်မှန်းပျမ်းမျှ အထွက်နှုန်း ၇၈ ဒသမ ၈၁ တင်းနှုန်းဖြင့် စပါးတင်းသန်းပေါင်း ၁၂၈၁ ဒသမ ၈၈သန်း ထုတ်လုပ်နိုင်ရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း၊ သြဂုတ်လ ၃၀ ရက်အထိ မိုးစပါး ဧက ၁၃ ဒသမ ၄၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ရာ ၈၂ ဒသမ ၈၄ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်သော စိုက်ခင်း များအား ရေကျချိန်တွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး သက်တမ်း တိုအရန်စပါးမျိုးများကို စုဆောင်းထားရှိရာ အရန်မျိုးစပါးတင်းပေါင်း ၄၀၃၉၇၆ တင်း စုဆောင်းထားရှိပြီးဖြစ်၍ မျိုးလိုအပ်ချက်များ အပြည့် အ၀ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းမှ ၂၀၁၁-၂၀၁၂ စိုက်ပျိုး ရာသီ မိုးစပါးနှင့် နွေစပါးထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုလက်ကျန် အခြေ အနေနှင့် ပြည်တွင်းစီးဆင်းမှု အခြေအနေများကိုလည်းကောင်း၊ ပင်လယ်ရေကြောင်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူဆန်ပြည်ပတင်ပို့မှု အခြေအနေများကို ညွှန်ကြားရေးမှူး ဦးမင်းမင်းမှလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူ ဆန်ပြည်ပတင်ပို့မှု အခြေအနေများကို လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်းမှလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ် သူများအသင်း၊ ပင်လယ်ရေကြောင်းမှ ဆန်ပြည်ပတင်ပို့သည့် လုပ် ငန်းရှင်များ၊ နယ်စပ်ဒေသမှ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီလုပ်ငန်း ရှင်များမှ လုပ်ငန်းအခြေအနေများနှင့် အခက်အခဲများကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။         MAPT