Main menu

Background

နယ်စပ်မှရော်ဘာ တင်ပို့မှု ပိုမို

Wed, 09/05/2012 - 07:25 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၇၄၉ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3  ၂၅၃ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၀ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3   ၁၄ တန် သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက်နှစ်ဆကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လမှာ နယ်စပ်မှရော်ဘာ ၇၄၆ တန်တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လနဲ့ နှိုင်းယှဉ်လျှင်  ၈၄၈ တန်ကျော် တင်ပို့မှုလျော့ခဲ့ပါတယ်။ ယမန်နှစ်သြဂုတ်လနဲ့နှိုင်းယှဉ်လျှင် ၁၅၅၈ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးများပြောင်းလဲမှုမရှိသော်လည်း တစ်ဖက်နိုင်ငံဈေးများ အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ မူဆယ်နဲ့ရွှေလီ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -

မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု            ယခင်    ပြောင်းလဲမှု    %    ယခု        ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၄၇၉၀၀၀    ၂၄၇၉၀၀၀          -          -     ၂၉၁၆    ၂၉၀၃          ၁၃         ၀ .၄RSS - 5    ၂၃၄၅၀၀၀    ၂၃၄၅၀၀၀          -          -     ၂၇၅၉     ၂၇၄၆         ၁၃         ၀ .၄MIRT (DOBT)