မန္တလေးကားဈေးကွက်ရဲ့ အပ်ကား ဈေးကွက်မှာအရောင်းအဝယ်ရှိတဲ့ ရက် ပိုင်းအတွင်း ဈေးနှုန်း အပြောင်းအလဲ မြန်နေကြောင်း သိရပါတယ်။
ဝါရင့်ကားဝယ်ရောင်းသူ ဦးမြင့်လွင် က '' ပြီးခဲ့တဲ့နှစ်ပတ်က အပ်ကား 'ပ'၊ 'န' အက္ခရာ ကျပ်သိန်း ၈၀ ထိဖြစ်ပြီး စလစ်ဈေးက ကျပ် ၈၂ သိန်းထိ ရှိခဲ့ တယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ဝန်း ကျင်မှာ အရောင်း အဝယ် ပြန်အေးသွား တော့ ဈေးပြန်ကျလာတယ်။ အဲဒီရက် မှာ အပ်ကားဈေးက ကျပ် ၆၇ သိန်းထိ ကျလာပြီး စလစ်ဈေးက ၇၂ သိန်း ဖြစ်လာတယ်။ သြဂုတ် ၂၈ ရက်မှာ အပ်ကားဈေး ကျပ် ၇၄ သိန်းရှိပြီး၊ စလစ်ဈေးက ကျပ် ၇၈ သိန်းဖြစ်လာ တယ်။ 'ဗ' ဈေးကွက်က ငြိမ်နေတယ်။ အပ်ကားဈေး ကျပ်သိန်း ၇၀ ဈေးရှိ တယ်။ ကားဟောင်းဈေးကွက်က အပ် ကားရှားနေပြီး 'ဗ' အပ်နှံခွင့်မပြုသေးတဲ့ အပေါ်မှာ ဈေးအပြောင်းအလဲ ဖြစ် နေတာ"လို့ ပြောပါတယ်။ ယခု ကားဈေးကွက်မှာ 'ပ'နဲ့'ဗ' အက္ခရာကား ဈေးနှုန်းမှာ ကျပ် ၁၀ သိန်း ဈေးနှုန်းကွာဟလျက်ရှိပါတယ်။ 'ဗ' ကားများ အပ်နှံခွင့်ပြုပါက အခွန် ၆၀ ရာခိုင်နှုန်းသက်သာခြင်းကြောင့် 'ဗ' ကားဈေးနှုန်းမှာ 'ပ' နံပါတ်ကားဈေး နှုန်းရဲ့ အထက်မှာ ပြန်ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဇူးဇူး