Main menu

Background

ကုန်စည်ဒိုင်အတွင်း ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်းပေမဲ့ ဝယ်လိုအားကောင်းလာလို့ ဈေးကွက်ပြန်တက်လာ

Sun, 09/09/2012 - 05:50 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက် တင်ဘာလ ၁ ရက်ကစပြီး ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်း လိုက်ပြီးတဲ့ နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ပေမဲ့ အိန္ဒိယအဝယ် အမှန်တကယ်လိုက်လာတဲ့ ဒီရက်ပိုင်းမှာတော့ ဈေးကွက်ပြန်တက် လာတယ်လို့သိရပါတယ်။ ကြားခံပွဲစားမထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် ထိတွေ့ရောင်းဝယ်ခြင်းအားဖြင့် လက်ကြီးသမားများရဲ့ ပဲဈေးနဲ့ အဟလဲနည်းသွားပြီး ဈေးကစားမှုတွေ မရှိတော့ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ယခုတစ်ပတ်အတွင်း အိန္ဒိယပဲစိုက်ပျိုးတဲ့ ပြည်နယ်အချို့မှာ မိုးရွာသွန်းမှုတွေများပြီး အဝယ်ပြန်လိုက်လာလို့ မတ်ပဲဈေးပြန် တက်လာခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ မတ်ပဲတစ်တန်ကို နှစ် သောင်းကျော်ပြန်တက်လာခဲ့ပြီး အရောင်းအဝယ်သွက်လာခဲ့တယ် လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲတန်ချိန် ၇၇၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်ဆခန့်ပိုတင်လာတာတွေ့ရပါတယ်။ သြဂုတ်လ တစ်လလုံး တင်ပို့မှု အနေနဲ့ တန်ချိန် သုံးသောင်းကျော်ခန့်ရှိပြီး ဇူလိုင်လမှာ တန်ချိန် ၇၄၀၀၀ ခန့်တင်ပို့နိုင်ခဲ့လို့ သြဂုတ်လအတွင်းမှာ မတ်ပဲ တင်ပို့မှု သိသိသာသာ လျော့ကျတာ တွေ့ရပါတယ်။ အလားတူ ပဲစင်းငုံဈေးလည်း ဒီတစ်ပတ်ပြန်မတ်လာခဲ့ပါ တယ်။ ပဲစင်းငုံအဟောင်းနဲ့ အသစ် ၂ မျိုးလုံး ပုံမှန်ရောင်းဝယ် နေရာမှ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပြန်တိုးလာခဲ့ပါတယ်။ ပြည် တွင်းလက်ကျန် အသင့်အတင့် ရှိပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိနေ လို့ ပဲစင်းငုံဈေးကတော့ အလားအလာကောင်းနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ ဒီတစ်ပတ်အတွင်းမှာ တန်ချိန် ၅၇၀၀ ကျော်တင်ပို့လို့ ပြီးခဲ့တဲ့သီတင်းပတ်ထက် တစ်ဆပိုလာတာ တွေ့ရပါတယ်။ သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၂၂၄၀၀ ခန့်ရှိပြီး၊ ဇူလိုင်လအတွင်းမှာ တန်ချိန် ၃၇၀၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁ သြဂုတ်လတင်ပို့မှု တန်ချိန် ၁၇၀၀၀ ကျော်နဲ့ယှဉ်ရင် ဒီနှစ် သြဂုတ်လမှာ အနည်းငယ် ပိုတင်လာတာ တွေ့ရပါတယ်။ အညာပဲတီစိမ်းကိုတော့ ပုံမှန်သာ အရောင်းအဝယ်ရှိလို့ ဒီ တစ်ပတ် အခြားပဲဈေးတိုးပေမဲ့ ပဲတီစိမ်းကတော့ ငြိမ်နေတာ တွေ့ရ ပါတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းများ အရောင်းအဝယ်ပုံမှန် ရှိပေမဲ့ အရည်အသွေး အကောင်းကြီး မဟုတ်လို့ ဈေးပုံမှန်သာရှိ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း ပဲတီစိမ်းတင်ပို့မှု မှာ လည်း တန်ချိန် ၄၀၀၀ ကျော်ထိ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၁၁၀၀၀ ခန့်ရှိပြီး ဇူလိုင်လ အတွင်းမှာ တန် ၃၃၀၀၀ ခန့်တင်ပို့နိုင်ခဲ့လို့ သြဂုတ်လမှာ လျော့ကျခဲ့တာ တွေ့ရပါတယ်။ ဈေးကွက်လက်ကျန်နည်းသွားပြီဖြစ်တဲ့ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲတို့မှာလည်း အပတ်စဉ် တင်ပို့မှုရှိနေသေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်ကျန်နည်းလာလို့ အရောင်းအဝယ် ဖြစ်မှုမှာ ပဲလွန်းဖြူတစ်မျိုးသာ ရှိကြောင်း သိရပါတယ်။ သြဂုတ်လ အတွင်းမှာ ကုလားပဲတန်ချိန် ၁၆၀၀၊ ပဲလွန်းဖြူ တန် ၁၂၀၀ ခန့်နဲ့ မြေထောက်ပဲ တန် ၃၇၀ ခန့် တင်ပို့မှုရှိကြောင်း သိရပါတယ်။                                   ယမင်းခင်