Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်မှပဲအရောင်းအဝယ်စာချုပ်များအတွက် ဈေးနှုန်းထောက်ခံချက်ပေးခြင်းကို ရပ်ဆိုင်း

Sun, 09/09/2012 - 05:51 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပြည်ပနဲ့ ပဲအရောင်းအဝယ်ပြုလုပ်ပြီး လိုင်စင်လျှောက် ထားရာမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းကို ကုန်စည် ဒိုင်တာဝန်ရှိသူများမှ ယခင်က ထောက်ခံချက် ထုတ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ဈေးနှုန်းထောက်ခံပေးခြင်း အားဖြင့် လိုင်စင်လျှောက်ထားရာမှာ ဈေးနှုန်းအာမခံ ချက်ရှိသလိုပြည်ပဝယ်လက်များနဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း ယင်းထောက်ခံချက် အရ ဖြေရှင်းခြင်းအား ဖြင့် အဆင်ပြေချောမွေ့စေခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိကာလမှာတော့ ပဲလုပ်ငန်းရှင် ကုန် သည်တချို့က စာချုပ်ထောက်ခံချက်ရရှိဖို့ သွားရောက် ရာမှာ  အချိန် ကြန့်ကြာမှုရှိပြီး   မလိုလားအပ်တဲ့ ကုန်ကျ စရိတ်တွေရှိလာလို့ လုပ်ငန်းလုပ်ကိုင်ရာမှာ နှောင့်နှေးမှုရှိတယ်ဆိုပြီး ယင်းဈေးနှုန်းထောက်ခံပေးခြင်း ကိုရပ်ဆိုင်းဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်စည်ဒိုင်အလုပ်အမှုဆောင် အစည်းအဝေးကနေ ဈေးနှုန်းထောက်ခံပေးခြင်းကို စက်တင်ဘာလ ၅ ရက် ကစပြီး ဖျက်သိမ်းရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ အချို့သော ကုန်သည်တွေကတော့ ပြည်ပ ဝယ်သူနှင့် ရောင်းသူအကြား စာချုပ်နဲ့ရောင်းဈေးနှုန်းကို ကုန်စည်ဒိုင်မှ မှတ်ပုံတင်စာရင်းသွင်းတဲ့အတွက် ခိုင်မာ မှုရှိလို့ ထောက်ခံချက်ကို ရယူလိုတယ်လို့  သိရပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက "အများရဲ့ဆန္ဒအတိုင်း အမှုဆောင်အဖွဲ့က ဆောင် ရွက် ပေးတာပါ၊ ထောက်ခံချက်ရယူလိုတဲ့သူတွေအတွက် ဆောင်ရွက်ပေးပါတယ်၊ ထောက်ခံ ချက်မယူဘဲ လိုင်စင် လာလျှောက်ရင်လဲ ရပါတယ်" ဟုဆိုပါတယ်။ယမင်းခင်